စပါးကို ဘယ်လိုစိုက်ပျိုးနည်းက ကုန်ကျစရိပ်သက်သာစေသလဲ နည်းလမ်း တခုလောက်ပြောပြပေးစေချငိပါတယ်
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၁ ရက်
စပါးကစိုက်ပြီးဘယ်နှစ်ရက်သားမှာအပင်းပွားထွက်လဲ? ဘယ်နှစ်ရက်သားမှာပန်းပွင့်လဲ ကျေးဇူးပြု့၍ဖြေကြားပေးပါ
စပါးစိုက်ပျိုးမည်ဆိုလျှင် အဓိကအရေးကြီးဆုံးအရာကတော့ ၁။မြေမျိုးအစားပဲဖြစ်ပါတယ်။ လယ်ယာမြေအများစုသည် ဘိုးစဥ်ဘောင်ဆက် စိုက်ပျိုးလာခဲ့ကြသည့်အတွက် မြေဆီလွှာ ပျက်စီးခမ်းခြောာက် လာပါသည်။ ထို့ကြောင့် စိုက်ပျိုးမည့်မြေတွင် ကျန်ရှိသော ရိုးပြတ်(စပါးပင်အငုတ်)များ၊ပဲမော်များ၊ အမိူက်များ၊မြက်ခြောက်များကို မီးရိူ့ခြင်းမပြုရန်အထူး သတိထားရပေမည်။အပင်ဆွေးအပင်ဟောင်းများမှ နိုက်ထရိုဂျင်များပြန်လည်ရရှိနိုင်သောကြောင့် ေမြဩဇာ စားရိတ်ကိုလဲ သိသိသာသာလျော့ချပေးနိုင်ပါသည်။မြေဆီလွှာအတွက်ပြန်လည် အားဖြည့်ပေးနိုင်သော သဘာဝဖြစ်စဥ် ဖြစ်ပေသည်။ ၂။ရာသီဥတုအခြေအနေ သီးနှံစိုက်ပျိုးရာတွင် ရာသီဥတုသည်အလွန်အရေးပါသည်ကို သိရှိပြီးဖြစ်ပါလိမ့်မည်။မိမိစိုက်ပျိုးမည့် စပါးအပေါ်မူတည်၍ စိုက်ပျိုးမည့်အချိန်နှင့် ရိတ်သိမ်းမည့်အချိန်ကို တွက်ဆရန်လိုပေသည်။စတင်စိုက်ပျိုးသည့်အချိန်တွင် မိုးရေလုံလောက်စွာမရလျှင် စပါးစိုက်ခင်းပျက်စီးသွားနိုင်ပါသည်။ထို့ကြောင့် မိုးလေဝသ သတင်းများကိုပုံမှန်နားထောင်းပီး မိုးများနိုင်မည်လား၊မိုးနည်းနိုင်မည်လားအပေါ်မူတည်၍ စတင်စိုက်ပျိုးချိန်ကို ဆုံးဖြတ်ရန်လိုပေသည်။ ၃။ဓာတ်မြေဩဇာနှင့်ဆေးဖြန်းခြင်း စပါးပင်များအမြစ်တွယ်လာသည်နှင့်အမျှ ၎င်းတို့၏အစေ့အတွင်း၌ သိုလှောင်ထားသော အာဟာရများကို ထုတ်သုံးပြီးဖြစ်၍ အာဟာရများကို အမြစ်များမှတဆင့် စတင်စုပ်ယူပါသည်။ ထိုအချိန်သည် ခန့်မှန်းခြေ အပင်အသက် ၁၅၊၂၀ခန့်ဖြစ်ပေသည်။ထိုကာလတွင် စတင်၍ဓာတ်ေမြဩဇာကျွေးနိုင်ပါသည်။သိုေသာ်သတိပြုရမည်မှာ စိုက်ခင်းအတွင်းရေရှိနေရပါမည်။နောက်ပိုင်းတွင်အပင်အခြေနေပေည်မူတည်၍ နှစ်သက်ရာ မြေဩစာကျွေးနိုင်ပါသည်။စပါးပင်များ ဖူးပွင့်မည့်အချိန်မတိုင်ခင် အစာအာဟာရလုံလောက်စွာ ရနေရပါမည်။ ဆေးဝါးများသုံစွဲရာတွင် တဆင့်စကားကြောင့်မသုံးမိရန်အရေးကြီးပါသည်။မိမိစပါးခင်းတွင်ကိုယ်တိုင်လေ့လာကြည့်ရူ၍ အပင်လက္ခဏာအတိုင်း ဆေးဆိုင်တွင် ပြောဝယ်ပြီးသုံးသင့်ပါသည်။ဆေးဖြန်းသည့်အခါတွင်လဲ သတ်မှတ်ထားသော ရေပမာဏ ဆေးပမာဏအတိုင်း အတိအကျ သုံးစွဲရန်လိုပါသည်။ပေါင်းမြက်များအတွက်ကို လူကိုယ်တိုင် ကောက်နုတ် ပါက ပို၍အဆင်ပြေနိုင်ပါသည်။မွှေးမြူရေးဘဲ ခြံများနှင့် တွဲဖက် စိုက်ပျိုးပါက အလွန်ကောင်းပါသည်။ "စပါးပွင့်ချိန်သည် သီနှံအထွက်တိုးရန်အတွက် အဓိကအရေးကြီးဆုံးအချိန်ပင်ဖြစ်ပါသည် ။ထိုအချိန်တွင် စပါးပင်များသည် အာဟာရလုံလောက်စွာရရှိပြီး ေရာဂါကင်းစင်ရန်အထူးလိုအပ်ပေသည်" "စပါးပွင့်ချိန်တွင် အတွက်တိုးစေရန် ကောင်းမွန်စွာ ဝတ်မူန်ကူး ရန်လိုအပ်ပါသည်။ထိုချိန်တွင် ပန်းဝတ်မူန်ကူးမူအားကောင်းစေရန် ကြိုးဖြင့်ညှင်သာစွာတန်းဆွဲခြင်း၊ ဝါးလုံးများဖြင့် တန်းဆွဲခြင်းဖြင့် ဝတ်မူန်ကူးမူအားကောင်းစေရန် လုပ်ဆောင်ပေးနိုင်ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် သင့်စပါးအတွက်နူန်းမှာ သိသိသာသာ တိုးလာစေပါမည်။ "သိရှိနားလည်သလောက် ဝေမျှပေးခြင်းဖြစ်ပါသည်။"
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပ်မျိုးစပါးများကို စိုက်ပြီးရရှိလာတဲ့ စပါးကို မျိုးအဖြစ်ပြန်သုံးချင်လို့ပါ။အဆင်မပြေ ဖြေကြားပေးပါ ဥပမာ နယူးဧရာ...
ဖြေကြားချက် 2 ခု
ဒီဇယ်ဈေးကြီးလို့မိုးစပါးကိုမထွန်မယက်ပဲစိုက်ပျိုးနိုင်တဲ့နည်းလမ်းများရှိရင်သိချင်ပါတယ်ဆရာ
ဖြေကြားချက် 3 ခု
နွေစပါးခင်း အရွက်လေးတေရဲပီးခြောက်နေလို့ ဖလံဖြူလေးတေလဲတွေ့တယ် လောလောဆယ်တော့အဆီဖိတ်နဲ့ စုတ်ဖွားတွဲဖျန်းထားတယ် အ...
ဖြေကြားချက် 2 ခု
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
ဖြေကြားချက် 3 ခု
ရေကြည်ပေါ်ဆန်း ပေါ်ဆန်းရင်စပါးမျိုးတွေက ဘယ်လိုရေမြေရာသီဥတုနဲ့ဘယ်အချိန်တွေမှာစိုက်ပျိုးရင်အဆင်ပြေမလဲသိပါရစေ။...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။