အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
1,549
လွန်ခဲ့သော ၄ လ က · ငပုတော

ဆရာကြီးခင်ဗျ မိုးရာသီ မိုးရွာဆက်နေလေတော့ ဆေးဖျန်းဖို့နေသာချိန်စောင့်ရတာ မလွယ်ဘူးဗျ အဲ့တော့ ကျနော်တို့ဆေးဖျန်း...

ဆရာကြီးခင်ဗျ မိုးရာသီ မိုးရွာဆက်နေလေတော့ ဆေးဖျန်းဖို့နေသာချိန်စောင့်ရတာ မလွယ်ဘူးဗျ အဲ့တော့ ကျနော်တို့ဆေးဖျန်းရင် ကော်ရည်ထည့်ဖျန်းရင် မိုးရွာချရင် မိုးရေနဲ့အတူ ဆေးဘယ်လောက်ပါသွားလဲဆရာ ကော်ရည်ထည့်ဖျန်းပြီး တနာရီနှစ်နာရီလောက်ဘဲ မိုးလွတ်ရင် အဆင်ပြေနိုင်လားဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့်တိမ်ထူထပ်ပြီး မိုးရွာ
စိုက်ပျိုး ရေ သခွား

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၄ လ က
ဤအဖြေဖြင့် ပြေလည်

ကော်ရည်(စိမ့်ဝင်၊စွဲကပ်၊ပျံ့နှံ့)အာနိသင်ကောင်းရင်၊၁၊၂နာရီအတွင်းအရွက်ထဲ၈၀%ခန့်စိမ့်ဝင်နိုင်ပါတယ်။

24 လွန်ခဲ့သော ၄ လ က

အခုနှမ်းရိုးမဲတွေလဲကျနေတယ် နှမ်းရိုးပျောက်လို့ခေါ်တဲ့ရောဂါလဲကျနေတယ်ဘယ်လိုဆေးတွေသုံးရမလဲဗျ မိုးကရွာနေတော့ အပင်တွေကပိုဆိုးနေလို့ဗျ

348,307 လွန်ခဲ့သော ၄ လ က

မိုးရာသီမှာ ဆေးဖျန်းရတာ တောင်သူတိုင်း ကြုံတွေ့ရတဲ့ အခက်အခဲတစ်ခုပါပဲခင်ဗျာ။ကော်ရည် ထည့်ဖျန်းရင်တောင်မှ ဆေးဖျန်းပြီး ၁ နာရီ၊ ၂ နာရီအတွင်း မိုးပြန်ရွာချလိုက်ရင် ဆေးအာနိသင် တော်တော်များများ မိုးရေနဲ့အတူ မျောပါသွားတတ်လို့ အဆင်မပြေနိုင်ပါဘူးခင်ဗျာ။ပိုးသတ်ဆေး/မှိုသတ်ဆေးတွေ အပင်ထဲကို စိမ့်ဝင်ဖို့နဲ့ အရွက်ပေါ်မှာ ကောင်းကောင်းခြောက်သွေ့ ကပ်ငြိဖို့အတွက် ဆေးဖျန်းပြီးနောက် အနည်းဆုံး ၃ နာရီကနေ ၄ နာရီခန့် မိုးလွတ်ဖို့ လိုအပ်ပါတယ်ခင်ဗျာ။မိုးရာသီ ဆေးဖျန်းတဲ့အခါ ထိရောက်မှုရှိအောင်မိုးရာသီမှာ အရွက်မျက်နှာပြင်ပေါ်တင် ကျန်ခဲ့တဲ့ ထိသေဆေးတွေထက် အပင်ထဲကို လျင်မြန်စွာစိမ့်ဝင်နိုင်တဲ့ ပင်လုံးပြန့်ဆေး အမျိုးအစားတွေကို ရွေးချယ်ဖျန်းပေးပါ။ကော်ရည်ရွေးချယ်တဲ့အခါ အရွက်ပေါ် ဆေးပျံ့နှံ့မှု အရမ်းမြန်ပြီး မိနစ်ပိုင်းအတွင်း အရွက်ထဲစိမ့်ဝင်အောင် ကူညီပေးနိုင်တဲ့ စီလီကွန်အခြေခံ (Silicon-based) ကော်ရည်မျိုးကို ရွေးသုံးပေးပါ။မိုးအုံ့နေရင် ဆေးမဖျန်းပါနဲ့ဦး။ ဖုန်းထဲက မိုးလေဝသ App မှာဖြစ်ဖြစ်၊ တိမ်အခြေအနေကိုဖြစ်ဖြစ် ကြည့်ပြီး ဆေးဖျန်းပြီးရင် အနည်းဆုံး ၃ နာရီလောက် မိုးလွတ်နိုင်မယ့် အချိန် (ဥပမာ- နံနက်စောစော မိုးစဲခါစ အချိန်မျိုး) ကို ရွေးချယ်ဖျန်းပေးပါခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။