ဖြေကြားချက် ၁ ခု
ဟုတ်ကဲ့ဗျာ။ လက်ရှိကတော့ ဆောင်းသီးတွေ လှိုင်လှိုင်ထွက်တဲ့ ရာသီမို့လို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဈေးကွက်ထဲ အဝင်များပြီး ဈေးနည်းနေတာ ဖြစ်ပါတယ်ဗျ။ခရမ်းချဉ်သီးက ပုံမှန်အားဖြင့် မိုးရာသီ (ဇွန်လကနေ အောက်တိုဘာလအတွင်း) မှာ ရောင်းလိုအားနဲ့ ဝယ်လိုအား မမျှဘဲ ဈေးအကောင်းဆုံး ဖြစ်တတ်ပါတယ်။ နောက်ပြီး နွေရာသီ (မတ်လကနေ မေလအတွင်း) မှာလည်း ဈေးပြန်လိုက်တတ်ပါတယ်ဗျ။အခုလောလောဆယ်မှာတော့ အသီးပုပ်သိုးပျက်စီးမှုနည်းအောင် ခူးဆွတ်တဲ့ အဆင့်ကို သတိထားပြီး ဈေးကွက်အခြေအနေ ကြည့်တင်ပို့ဖို့ အကြံပြုလိုပါတယ်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ရှမ်းပြည်တောင်ပိုင်ခရမ်းချဉ်စိုက်ရင်ဘယ်မျိုးကအသင့်တော့ဆုံးလဲဗျ
ဖြေကြားချက် 5 ခု
ရောက်ပီဆျာရေ မန်းလေးကနေ တိုက်ရိုက်မှာရတာ 909 က ၅ ဂရမ်ဆိုတော့ ပျမ်းမျှ ဘယ်နှစ်စေ့လောက်ပါမလဲဆရာ အစေ့စမ်းကြည့်တာ...
ဖြေကြားချက် 4 ခု
ဆရာခင်ဗျ မှားမှာစိုးလို့ပါဗျ ခရမ်းချဥ်ပျိုးဖို့အတွက် မန်ကျည်းမြေစစ်စစ်နဲ့ နွားချေးအစိုကို ထုချေပီးနေလှန်းပီး...
ဖြေကြားချက် 3 ခု
ကျတော်တစ်ခုမေးချင်ပါတယ်အင်းလေးဒေသကရေပေါ်မှာ၂ပေ၃ပေလောက်ပဲရှိသီးနံပင်တွေကအမြစ်ကရေထဲထိရာက်တယ်ဘာကြောင့်အပင်အမြစ်...
ဖြေကြားချက် 2 ခု
ကျနော်ခမ်ရမ်းချဉ်သီးစိုက်မို့ဗျာစျေးကောင်းမဲအပင်အမျိုးအစားပြောပြပါလား
ဖြေကြားချက် 1 ခု