အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,314
လွန်ခဲ့သော ၄ လ က · တောင်တွင်းကြီး

နှမ်းစိုက်ခင်းမြေခံမှာသုံးဖို့ဘယ်မြေသြဇာအမျိုးအစားကအကောင်းဆုံးဖြစ်မလဲသိချင်ပါတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
အပင်အာဟာရ နှမ်း

ဖြေကြားချက် ၂ ခု

1,314 လွန်ခဲ့သော ၄ လ က

ကျေးဇူးပါဗျ

348,301 လွန်ခဲ့သော ၄ လ က

နှမ်းစိုက်ခင်းမြေခံအတွက် နွားချေးဆွေး/မြေဆွေးကို တစ်ဧက (၆ မှ ၈) စီး (နောက်ဆုံးထွန်ရေးတွင် ထည့်ရန်)။မြေခံဓာတ်မြေသြဇာ (တစ်ဧကနှုန်း) - တီစူပါ (၅၆ ပေါင်) + ပိုတက်ရှ် (၂၈ ပေါင်) + ယူရီးယား (၂၈ ပေါင်)။အလွယ်သုံးချင်ပါက - တီစူပါ/ပိုတက်ရှ်အစား ကွန်ပေါင်း (၁၅း၁၅း၁၅) တစ်အိတ် ကို မြေခံအဖြစ် သုံးနိုင်ပါတယ်။နှမ်းစေ့ဆီထွက်နှုန်း ပိုကောင်းစေဖို့ မြေခံမှာ ဂျစ်ပဆမ် (ကျောက်မှုန့်) အိတ်ဝက် ထည့်ပေးရင် ပိုကောင်းပါတယ်။ နှမ်းဟာ ရေဝပ်တာ လုံးဝမကြိုက်လို့ ရေစီးရေလာကောင်းတဲ့ သဲနုန်းမြေ/နုန်းမြေမှာ စိုက်ပျိုးဖို့နဲ့ အပင်သက်တမ်း (၁) လပြည့်ရင် အပေါ်ယံကနေ ယူရီးယား (၂၈ ပေါင်) ထပ်မံကူကျွေးပေးဖို့ လိုအပ်ပါတယ်ဗျာ။ နားလည်မယ်လို့ထင်ပါတယ်ဗျ

You

ဆက်စပ်မေးခွန်းများ

နှမ်းမှာပေါင်းသတ်ဆေးကိုဘယ်ချိန်မှာထည့်သင့်လဲဗျ လုပ်သားအင်အားမများလို့ပါ နှမ်းစိုက်ပြီးပေါင်းသတ်ဆေးတန်းဖျန်း...

ဖြေကြားချက် 4 ခု

နှမ်းရိုးမြေဆွေးနဲ့ကြက်ချေးရောထားတဲ့မြေဩဇာကိုနှမ်းပင်ဘယ်နှစ်ရက်သားလောက်မှာအသုံးပြုသင့်ပါသလဲ

ဖြေကြားချက် 1 ခု

နှမ်းခင်းကိုဘယ်နှစ်ရက်သားလောက်မှာပေါင်းရှင်းသားခွဲသင့်လဲသိချင်ပါတယ်ခင်ဗျ

ဖြေကြားချက် 1 ခု

နှမ်းပင်စပေါက်တဲ့နေ့ကနေ ရက်20သားမှာပေါင်းရှင်းရမှာကိုပြောတာလားနှမ်းစကြဲတဲ့နေကနေ ရက်20သားမှာပေါင်းရှင်းရမှာလား...

ဖြေကြားချက် 1 ခု

နှမ်းကြဲပီး သီးနှံအထွက်တိုးအောင် ဘလိုလုပ်ရလဲဗျ ပီးတော့ ဘာတေထည့်ပေးရလဲဗျ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။