အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
44
လွန်ခဲ့သော ၄ လ က · ရေတာရှည်

နနွင်းဉကောင်းပြီးအထွက်နှုန်းတိုးရန်ဘာဆေးများသုံးစွဲရမလဲ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃၆၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ
စိုက်ပျိုးစီးပွား နနွင်း

ဖြေကြားချက် ၃ ခု

348,957 လွန်ခဲ့သော ၄ လ က
ဤအဖြေဖြင့် ပြေလည်

အပင်သက်တမ်း (၃၆၅) ရက်ရှိ နနွင်းပင်များ ဥထွက်နှုန်းကောင်းပြီး အရည်အသွေးပြည့်မီစေရန် အာဟာရဓာတ် ပြည့်ဝစွာ ကျွေးရပါမယ်။ မြေပြင်ချိန်တွင် ဆွေးမြည့်နေသော သဘာဝနွားချေး သို့မဟုတ် မြေဆွေးများကို မြေခံအဖြစ် အဝကျွေးပါ။ အပင်သက်တမ်း တစ်လျှောက်တွင် ဥပွားထွက်ခြင်းနှင့် ဥကြီးထွားခြင်းကို အားပေးသည့် ပိုတက်စီယမ် (Potassium) ဓာတ် မြင့်မားစွာပါဝင်သော တီစူပါနှင့် ပိုတက်ရှ် ဓာတ်မြေဩဇာများကို စနစ်တကျ ခွဲကျွေးရပါမည်။ ထို့ပြင် အပင်သက်တမ်း (၂-၃) လသားတွင် အပင်ခြေကို မြေဖို့ဘောင်တင်ပေးခြင်းနှင့် ရေမဝပ်စေရန် ရေနုတ်မြောင်းစနစ် ကောင်းမွန်အောင် ပြုလုပ်ပေးခြင်းဖြင့် အထွက်နှုန်းကို သိသိသာသာ တိုးတက်စေနိုင်ပါတယ်။

44 လွန်ခဲ့သော ၃ လ က

ဉများပိုးကျရင်ဘယ်လိုဆေးများဖြင့်သုံးပြုရလဲကာကွယ်သင့်သလဲ

27 လွန်ခဲ့သော ၄ လ က

သဘာဝဆိုရင် ဝက်ချေးခြောက် သုံးစွဲလို့ရပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။