အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ye naing
ye naing 42
လွန်ခဲ့သော ၅ လ က · ရမည်းသင်း

RGပါ15ရက်သားပါ ရောဂါကင်းပီးအသီးထွက်နှုန်းကောင်းဖို့ဘာတေလုပ်ဆောင်သင့်လဲ စိုက်ပျိုးရေးတွေ့ကြုံမရှိသေးလို့ကူညီပေးပါ

စိုက်ပျိုးနည်း စပျစ်
Post image

ဖြေကြားချက် ၃ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,122,689 လွန်ခဲ့သော ၅ လ က

ရေမသွင်း မီ Gypsum+k Humic ရောကျွေးပါ။စကုပ် ဖျန်းပေးပါ။အရွက်နုလေးတွေကို အမြဲစောင့်ကြည့်ပါ။(အစက်ပြောက် ရှိမရှိ)

ye naing
ye naing 42 လွန်ခဲ့သော ၅ လ က

ကျေးဇူးပါ

သော်ဇင်
သော်ဇင် 449,992 လွန်ခဲ့သော ၅ လ က

အသက် (၁၅) ရက်သားရှိပြီဖြစ်သော စပျစ်ပင်များ ရောဂါကင်းပြီး အထွက်နှုန်းကောင်းစေရန် အညွန့်သစ်များကို စနစ်တကျ ရွေးချယ်၍အားနည်းသောအညွန့်များကို ဖယ်ရှားပြီး သန်မာသောအညွန့်သစ်များကို လေဒဏ်ခံနိုင်ရန်စင်ပေါ်သို့ ကြိုးဖြင့် စနစ်တကျ ချည်ပေးပါ။ ဤအဆင့်တွင် အပင်ပိုင်းဆိုင်ရာကြီးထွားမှုအတွက် နိုက်ထရိုဂျင်ဓာတ်နှင့် သဘာဝမြေသြဇာကို အဓိကကျွေးရမည်ဖြစ်ပြီး အရွက်နုများ လန်းဆန်းစေရန် အနည်းလိုဓာတ် ရွက်ဖျန်းမြေသြဇာကိုပါ တွဲဖက်သုံးစွဲသင့်ပါသည်။ စပျစ်တွင် အဖြစ်များသော ဒေါင်းနီမှိုရောဂါများအတွက် မှိုသတ်ဆေးကို ကြိုတင်ပက်ဖျန်းထားရန်လိုအပ်ပြီး၊ အရွက်နုများကို ဖျက်ဆီးမည့် ပိုးမွှားများအန္တရာယ်ကိုလည်း သတိပြုရပါမယ်။ ရေသွင်းရာတွင်လည်း မြေကြီးခြောက်သွေ့မှုမရှိစေရန် ပုံမှန်သွင်းပေးရမည်ဖြစ်သော်လည်း အမြစ်ပုပ်ခြင်းမှ ကာကွယ်ရန် ရေမဝပ်စေဘဲ ရေစီးရေလာကောင်းအောင် လုပ်ဆောင်ထားရပါမယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ပိုးသတ်ဆေး မှိုသတ်ဆေး နဲ့ အားဆေးတို့ဖျန်းတဲ့အခါ ဘယ်ဆေးတွေက တွဲဖျန်းလို့ရပြီး ဖျန်းတဲ့အခါ ဘယ်ဆေးတွေက ဘယ်အချိန်...

ဖြေကြားချက် 3 ခု

ပင်ဆွေးမြစ်ဆွေးကိုဘယ်လိုကုသရပါသလဲဆရာ ကျေးဇူးပါ

ဖြေကြားချက် 2 ခု

ပေါင်းရှင်းပြီးပါပြီ နောက်တစ်ခါ ပေါင်းပြန်ထွက်လာရင် ခြံထဲ ပေါင်းမရှိအောင် ဘယ်လိုတွေဆောင်ရွက်သင့်လဲဗျ

ဖြေကြားချက် 5 ခု

စပျစ်ပင် ကိုင်းဆက်မျိုး ပါ စိုက်ပြီး ၂၅ရက်သားအခြေနေပါ ဖြုတ်စိမ်း၊ ပိုးစေးနှဲနှင့် ကျိုင်းကောင်များကြရောက်နေပါ...

ဖြေကြားချက် 4 ခု

hi စိုက်ပျိုးရေးပညာရှင်ကြီးများရှင့် မန္တလေးတိုင်း နွားထိုးကြီးနယ်ဘက်မှာ စပျစ်စိုက်လို့အဆင်ပြေလောက်မလားသိချင်...

ဖြေကြားချက် 2 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။