ချဉ်ပေါင် ခင်းက အခုလိုမျိုးဖြစ်သွားတာ ဘာလို့လဲဗျ ဘာလုပ်ရမလဲဗျ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- ရာသီဥတု (တစ်ပတ်အတွင်း)
- အသင့်တင့် နေသာပြီး မိုးရွာ
အစိုများပြီး မိုးပြင်းပိလို့ပါ။ ပြာပက်ပေးလိုက်ပါ။
ပုံပါ ချဉ်ပေါင်ခင်းတွင် ဖြစ်ပွားနေသည်မှာ မြေဆောင်မှိုကြောင့်ဖြစ်သော ခါးရိရောဂါ (Damping-off) ဖြစ်နိုင်ပါတယ်။ ဤရောဂါသည် စိုက်ခင်းအတွင်း အစိုဓာတ်လွန်ကဲခြင်း၊ ရေဝပ်ခြင်းနှင့် အပင်များ သိပ်သည်းစွာ စိုက်ပျိုးထားခြင်းတို့ကြောင့် အဖြစ်များပြီး အပင်ခြေပင်စည်နေရာတွင် ပုပ်ရိကာ လဲကျသေဆုံးသွားရခြင်း ဖြစ်ပါတယ်။ ကုသရန်အတွက် ရောဂါရအပင်များကို ချက်ချင်းနှုတ်ယူ မီးရှို့ဖျက်ဆီးပစ်ရမည်။ ထို့ပြင် အခြေအနေဆိုးပါက မက်တာလဇီး (Metalaxyl) မှိုသတ်ဆေး ကို အပင်ခြေနှင့် မြေကြီးထဲသို့ စိမ့်ဝင်အောင် ပက်ဖျန်းပေးရပါမည်။အဓိကအချက်ကတော့ အစိုဓာတ်များလို့ဖြစ်ရတာပါခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ချဥ်ပေါင်ရွက်အနုလေးတွေပိုးစားနေတာ ဘယ်လိုလုပ်ရမလဲ
ဖြေကြားချက် 2 ခု
ချဉ်ပေါင်ကို အပင်ပေါက်နှုတ်ရောင်းတာမဟုပဲ ကိုင်းဖြတ် ချည်ပေါင် မျိူး စိုက်ချင်တာ ဘယ်လိုပြင်စင်ပီး စိုက်ပျိုး...
ဖြေကြားချက် 2 ခု
ချည်ပေါင်စီးပွားဖြစ်စိုက်မယ်ဆို အဆင်ပြေနိုင်မလား
ဖြေကြားချက် 1 ခု
EM 1 L ၁ဗူးကို ဘယ်လောက်နဲ့ ရောင်းရမလဲမသိလို့ပါဘယ်လောက်နဲ့ရောင်းသင့်လဲဆိုတာ မသိလို့ပါ အကြံပေးကြပါဦးဆရာတို့...
ဖြေကြားချက် 0 ခု
ဘိလပ် ဘယ်အချိန် စိုက်သင့်လည်းဗျ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။