အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
135
လွန်ခဲ့သော ၄ လ က · ဇေယျာသီရိ

မြေဩဇာကျွေးပြီးပြီးချင်း ဆေးဖျန်းဖို့သင့်ရဲ့လားဗျာ့ ဘာကြောင့်လည်းဆိုတာရှင်းပြပေးပါအုံးဆရာ

စိုက်ပျိုး ဗဟုသုတ စပါး

ဖြေကြားချက် ၂ ခု

348,307 လွန်ခဲ့သော ၄ လ က
ဤအဖြေဖြင့် ပြေလည်

မြေဩဇာ (အထူးသဖြင့် ယူရီးယားကဲ့သို့ နိုက်ထရိုဂျင်ဓာတ်) ကျွေးပြီးပြီးချင်း ပိုးသတ်ဆေး၊ မှိုသတ်ဆေး သို့မဟုတ် ရွက်ဖျန်းဆေးများကို ချက်ချင်းမဖျန်းသင့်ပါဘူး။ အကြောင်းရင်းမှာ မြေဩဇာကျွေးထားချိန်တွင် စပါးပင်၏ ဆဲလ်နံရံများနှင့် အရွက်များမှာ နူးညံ့ပြီး အာဟာရစုပ်ယူမှု အလွန်မြန်ဆန်နေသောကြောင့် ဓာတုဆေးဝါးများ ထပ်မံဖျန်းပါက အရွက်များ ဆားလောင်ခြင်း၊ ကောက်ညှိုးခြင်းနှင့် ဆေးဒဏ်သင့်ခြင်း ပြင်းထန်စွာ ဖြစ်ပွားနိုင်လို့ပါ။ ဒါ့အပြင် ဆေးဖျန်းရန် လယ်ကွင်းထဲ ဆင်းခြင်းကြောင့် မြေဩဇာများ အငွေ့ပျံဆုံးရှုံးမှုလည်း ပိုများစေနိုင်ပါတယ်။ ထို့ကြောင့် စပါးပင် အာဟာရကို ကောင်းမွန်စွာစုပ်ယူပြီး ဒဏ်ခံနိုင်ရည်ရှိစေရန် မြေဩဇာကျွေးပြီးနောက် အနည်းဆုံး ၃ ရက်မှ ၅ ရက်အထိ စောင့်ဆိုင်းပြီးမှသာ ဆေးဖျန်းသင့်ပါတယ်ခင်ဗျာ။

135 လွန်ခဲ့သော ၄ လ က

အခြားသောသီးနှံတွေအတွက်လည်းအခုလိုမျိုးမှတ်ထားလို့ရရဲ့လားဗျာ့

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။