အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
344
လွန်ခဲ့သော ၃ လ က · ပြင်ဦးလွင်

ပန်းဂေါ်ဖီမိုးရာသီစိုက်ပျိုးရင်ဘာတွေလုပ်သင့်လဲဗျာဖြေပေးကြပါအုန်းဆရာတို့ရေ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့်တိမ်ထူထပ်ပြီး မိုးရွာ
စိုက်ပျိုးနည်း ပန်းဂေါ်ဖီ

ဖြေကြားချက် ၁ ခု

348,989 လွန်ခဲ့သော ၃ လ က

မိုးရာသီတွင် ပန်းဂေါ်ဖီ အောင်မြင်စွာ စိုက်ပျိုးနိုင်ရန် မိုးဒဏ်နှင့် အပူဒဏ်ခံနိုင်သော မိုးစိုက် Hybrid မျိုးစေ့ကို အဓိကရွေးချယ်ရပါမည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျိုးပင်ငယ်များ မပျက်စီးစေရန် မိုးကာပလပ်စတစ်အောက်တွင်သာ ပျိုးထောင်သင့်ပြီး၊ စိုက်ခင်းမြေပြင်ရာတွင်လည်း ရေဝပ်ခြင်း လုံးဝမရှိစေရန် အနည်းဆုံး ၈ လက်မမှ ၁ ပေအထိ မြင့်သော စိုက်ဘောင်များစနစ်တကျ ပြုလုပ်ကာ ရေနုတ်မြောင်း ကောင်းမွန်အောင် စီမံရပါမည်။ မိုးရာသီတွင် အစိုဓာတ်များပြားသဖြင့် အပင်အဆတ်နုပြီး ရောဂါကျလွယ်စေသော နိုက်ထရိုဂျင်ဓာတ်မြေဩဇာကို အလွန်အကျွံကျွေးခြင်းမှ ရှောင်ကြဉ်ကာ မှိုသတ်ဆေးကို ကြိုတင်ကာကွယ်သောအားဖြင့် စနစ်တကျ ပက်ဖျန်းပေးရပါမည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။