အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,779
လွန်ခဲ့သော ၃ လ က · ချောက်

ခရမ်း စပျိုးလိုက်ပါပြီဆရာ ၅ ဂရမ်ကို အစေ့ရေ 900 နီးပါရရှိပါတယ် ခရမ်းချဥ်ကတော့ နည်းနည်းစောနေသေးလားလို့ခင်ဗျ လို...

ခရမ်း စပျိုးလိုက်ပါပြီဆရာ ၅ ဂရမ်ကို အစေ့ရေ 900 နီးပါရရှိပါတယ် ခရမ်းချဥ်ကတော့ နည်းနည်းစောနေသေးလားလို့ခင်ဗျ လိုအပ်တာလေးများရှိရင်အကြံပေးပါအူးဗျ

စိုက်ပျိုးနည်း ခရမ်းသီး
Post image
3

ဖြေကြားချက် ၃ ခု

348,957 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

၅ ဂရမ်ပါ ခရမ်းမျိုးစေ့ထုတ်မှ အစေ့ရေ ၉၀၀ နီးပါး ရရှိခြင်းသည် ကောင်းမွန်သော ပမာဏဖြစ်ပြီး ပျိုးပင်ပေါက်နှုန်း ၈၀% ကျော်ဖြင့် တွက်ချက်လျှင် သန်စွမ်းသော အပင် ၇၀၀ ကျော် ရရှိနိုင်သဖြင့် ဧကလေးပုံတစ်ပုံခန့် စိုက်ပျိုးနိုင်ပါတယ်။ ခရမ်းသီး စောစောဆွတ်ခူးနိုင်ရန်အတွက် ပျိုးသက် ၂၅-၃၀ ရက်အတွင်း စိုက်ခင်းသို့ အချိန်မီရွှေ့ပြောင်းရန် လိုအပ်ပြီး၊ ရွှေ့ပြီးပါက အမြစ်ဆင်းမြန်စေရန် ဖော့စဖရပ် မြင့်မားသော မြေဩဇာ ကျွေးပေးရပါမည်။ ပျိုးထောင်စဉ်ကာလတွင် အပင်ခြေ ရေမဝပ်စေရန်နှင့် ခါးရိမှိုရောဂါ ကာကွယ်ရန် အထူးသတိပြုရမည်။ စိုက်ခင်းအပင်ကြီးလာချိန်မှာအပင်ခြေမှ ကိုင်းများကို ဖယ်ရှားပေးခြင်းကလည်း အသီးစောစောတင်စေရန် အဓိက ကူညီပေးပါလိမ့်မည်။

9,779 လွန်ခဲ့သော ၃ လ က

ဟုတ်ကဲ့ဆရာတို့ခင်ဗျ ကျေးဇူးအထူးပါဗျ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ လ က

အချိန်ခါကောင်းပါပဲ၊ အစိမ်းစလေးနဲ့ အရိပ်းပါးပါး လိုမယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။