ကျက်တီးမြေနေရာတွေမှာအပင်ကို ဘလိုစိုက်ရမလည်း စိုက်လိုက်တိုင်း သေကုန်လို့ ကျင်းဘလောက်တူးရမလည်းပြောကြပါဦး အမျိုးတို့
ကျက်တီးမြေတွင် အပင်စိုက်ပါက ရေနှင့်အာဟာရ မထိန်းနိုင်ခြင်းကြောင့် အပင် သေဆုံးတတ်ပါတယ်။ ၎င်းကို ဖြေရှင်းရန် ကျင်းကို ပုံမှန်ထက်ပိုကြီးပြီး အနည်းဆုံး (၂ ပေ x ၂ ပေ x ၂ ပေ) ပတ်လည် တူးရပါမည်။ ကျင်းထဲမှ ကျောက်စရစ်နှင့် မြေမာများကို ဖယ်ထုတ်ပြီး အပေါ်ယံမြေပွ၊ နွားချေးဆွေး သို့မဟုတ် မြေဆွေးနှင့် ဖွဲပြာတို့ကို သင့်တော်သလို ရောစပ်ကာ ပြန်လည် အစားထိုး ထည့်သွင်းပေးရပါမယ်။ စိုက်ပျိုးပြီးနောက် မြေဆီလွှာအစိုဓာတ် ထိန်းသိမ်းနိုင်ရန် အပင်ခြေကို ကောက်ရိုး သို့မဟုတ် မြက်ခြောက်ဖြင့် ဖုံးအုပ်ပေးပြီး ရေမှန်မှန်လောင်းပေးခြင်းဖြင့် အပင်ကို ရှင်သန်စေနိုင်ပါတယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ငုစပ်ချယ်ရီ(ခ)မြေပြန့်ချယ်ရီပင်ကိုဘယ်လိုပြုစုပျိုးထောင်ရမည်နည်း။ ရေကြိုက်ပါသလား။ ဘာဆေးများကျွေးရမည်နည်း
ဖြေကြားချက် 1 ခု
ချယ်ရီအပင်စိုက်ပျိူနည်း မြေပြန့်ဒေသမှာပန်းပွင့်နည်း
ဖြေကြားချက် 1 ခု
ချယ်ရီပင်ကိုအစေ့ကနေအပင်ပေါက်အောင်ဘယ်လိုစိုက်ရသလဲခင်ဗျ
ဖြေကြားချက် 1 ခု
ချယ်ရီပျိုးပင်ဘယ်မှာရနိူင်လဲဗျ
ဖြေကြားချက် 0 ခု
သစ်သားပေါင်းခံရည် စပါခွန် ကိုဘယ်လိုပြုလုပ်ရပါသလဲအသေးစိတ်ဖြေကြားပေးပါကျေးဇူးတင်ပါတယ်
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။