အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
507
လွန်ခဲ့သော ၃ လ က · မြင်းခြံ

ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါ...

ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး

အပင်အာဟာရ ကြက်သွန်နီ ကြက်သွန်နီအပင်အာဟာရ

ဖြေကြားချက် ၄ ခု

348,301 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

ကလောက်ဒီသည် Sulphur မှိုသတ်ဆေးဖြစ်သဖြင့် မြေဆီလွှာခြောက်သွေ့နေချိန်မှာအပင်ပေါ်သို့ မဖျန်းသင့်ပါ။ ဆာလဖာ (Sulphur) ဓာတ်သည် အပူဓာတ်ရှိသောကြောင့် မြေခြောက်သွေ့ပြီး အပူချိန်ပြင်းထန်ချိန်တွင် ဖျန်းပါက အရွက်များ လောင်ကျွမ်းပျက်စီးနိုင်ပါတယ်။ ထို့ကြောင့် နေပူရှိန်ပြင်းသော မွန်းတည့်ချိန်နှင့် မွန်းလွဲပိုင်းများကို လုံးဝရှောင်ကြဉ်ပြီး၊ အပူချိန်အေးမြသော မနက်စောစော သို့မဟုတ် ညနေစောင်းအချိန်တွင်သာ ဆေးအညွှန်းပါအတိုင်း စနစ်တကျ ဖျော်စပ်ဖျန်းပေးရပါမည်။ ထို့ပြင် အပင်ရေငတ်ပြီး အရွက်များ ညှိုးခွေနေပါက ဆေးမဖျန်းမီ စိုက်ခင်းကို အရင်ရေသွင်းပေးရန် လိုအပ်ပြီး၊ ကြက်သွန်နီဥစတင်ဥချိန် (စိုက်ပြီး ၂ လခွဲကျော်) ရောက်ရှိနေပါကလည်း ဥပုပ်တတ်သဖြင့် ဆာလဖာဆေးများ ဖျန်းခြင်းကို သတိပြုရှောင်ကြဉ်ရပါမယ်ခင်ဗျာ။

49 လွန်ခဲ့သော ၃ လ က

မိုးဦးအကျမှာဘာပင်ကိုစိုက်သင်သလည်

49 လွန်ခဲ့သော ၃ လ က

စိုက်ပျိုးရေး မှာဘာကအဓိကကျသလည်

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၃ လ က

နေပူနေချိန်၊အပင်ရေငတ်နေချိန် အဆင်မပြေနိုင်ပါ။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။