အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၁ ခု

348,307 လွန်ခဲ့သော ၃ လ က

ပုံပါပိုးကောင်သည် ဂန္ဓမာစိုက်ခင်းများတွင် အမြစ်ကို အဓိကကိုက်ဖြတ်ဖျက်ဆီးတတ်သော ဖိုးလမင်းကျိုင်း၏ လောက်ကောင် (White Grub) ဖြစ်ပါတယ်။ ၎င်းတို့သည် မြေကြီးထဲတွင် အောင်းနေပြီး အမြစ်မွှားများကို စားသောက်သဖြင့် အပင်များ ရေနှင့် အာဟာရမရတော့ဘဲ အရွက်များဝါခြင်း၊ ညှိုးနွမ်းခြင်းနှင့် အကွက်လိုက် သေဆုံးခြင်းများ ဖြစ်ပွားစေပါသည်။ နှိမ်နင်းရန်အတွက် မြေတွင်းအောင်းပိုးသတ်ဆေးဖြစ်သော ဖစ်ပရိုနေး (Fipronil 0.3% GR) အခဲဆေး ကို တစ်ဧက ၄ ကီလိုနှုန်း စိုက်ဘောင်ပေါ်ဖြူးပေးရမည်။ ထို့ပြင် မိုးဦးကျကာလတွင် အကောင်ကြီးများကို အလင်းထောင်ချောက် ဖြင့် ဖမ်းဆီးခြင်းနှင့် မြေပြင်စဉ်ကတည်းက မြေကျပ်အောင် ဖိပေးခြင်းတို့ဖြင့် ဘက်စုံကာကွယ်နိုင်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။