ဖြေကြားချက် ၁ ခု
အောင်နိုင်တိုးစပါးမျိုး သည် မိဘမျိုးလိုင်းများဖြစ်ကြသော SAT15R/MR219//IRRI154/IR10L139 နဲ့ SAT15R/MR219//Shwe Thwe Yin/Sin akari-3 တို့ကို ပေါင်းစပ်ထုတ်လုပ်ထားသည့် ဧည့်မထစပါးအုပ်စုဝင် ဖြစ်ပါသည်။ ဤစပါးမျိုး၏ အသက်ရက်စွဲမှာ ၁၂၀ ရက် ဖြစ်ပြီး၊ အပင်အမြင့် ၁၁၅ စင်တီမီတာ ရှိကာ တစ်နှံပါသီးလုံး ၁၈၀ လုံး ရှိပါသည်။ စပါးတစ်တင်းလျှင် ဆန်ထွက် ၆၀ ရာခိုင်နှုန်းအထိ ထွက်ရှိပြီး အောင်စေ့ရာခိုင်နှုန်းမှာ ၉၀ ဖြစ်သည်။ အထွက်နှုန်းမှာ တစ်ဧကလျှင် ၁၄၀ မှ ၁၅၀ တင်း အထိ မြင့်မားစွာ ထွက်ရှိနိုင်ပါသည်။ ထူးခြားသည့်လက္ခဏာများအနေဖြင့် အထွက်ကောင်းခြင်း၊ ဆန်သားကြည်လင်ပြီး စားသုံးမှုကောင်းခြင်း၊ ဂုတ်ကျိုးရောဂါ ဒဏ်ခံနိုင်ခြင်း၊ ဖြုတ်ညိုပိုးဒဏ်ခံနိုင်ခြင်းနှင့် မြေဩဇာတုန့်ပြန်မှုကောင်းခြင်းတို့ ဖြစ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဒေသ အခေါ် မှော်ဘီဆန်း ဟုခေါ်သော စပါးသည် မှော်ဘီ၁ ၂ ၃ မည်သည့်စပါးဖြစ်သည်ကိုဖြေကြားပေးကြပါဆရာတို့
ဖြေကြားချက် 1 ခု
သီရိသုခစပါးအသက်ရက်ဘယ်လောက်လဲဆရာ အမြင့်ဆုံးအထွက်ကဘယ်လောက်လဲ
ဖြေကြားချက် 1 ခု
လုံ ၈ ပုလဲသွယ် ၁ စပ်မျိုးစပါးကို အပူပိုင်းဒေသဖြစ်တဲ့ မကွေးတိုင်း၊စလင်းမြို့နယ်မှာရော စိုက်လို့ရနိုင်ပါသလား?...
ဖြေကြားချက် 1 ခု
ဆင်းသုခစပါးအကြောင်းရှင်းပြပေးပါရှင့်
ဖြေကြားချက် 3 ခု
သက်ကြီးဘေးကြား ပျိုးခင်းစပါးပင် ၁၀ရက်သား အရွက်နှစ်ခွခွက်ပီး တခင်းလုံးနီးပါးဖြူကုန်တာ ဖြုတ်ပိုးလဲမတွေ့ပဲနဲ့...
ဖြေကြားချက် 6 ခု