အပင်စိုက်နည်း မှန်လားဗျ၊မိုးတွေလည်း တအားရွာထားတယ်၊ဘာဆက်လုပ်သင့်လဲ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၃၀ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- တစ်ပင်လုံး
- ရာသီဥတု (တစ်ပတ်အတွင်း)
- မိုးရွာ
ပုံပါ ခရမ်းချဉ်စိုက်ပျိုးမှုတွင် အပင်ခြေ၌ မြေဆွေးထည့်ပေးထားခြင်းမှာ ကောင်းမွန်သော်လည်း မိုးရာသီတွင် ဘောင်မတင်ဘဲ မြေပြန့်အတိုင်း စိုက်ပျိုးထားခြင်းကြောင့် ရေဝပ်ပြီး အမြစ်ပုပ်လွယ်သည့် အားနည်းချက်ရှိနေပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းထားခြင်းကြောင့် လက်ရှိအချိန်တွင် အပင်ခြေ၌ ရေဝပ်မနေစေရန် ရေနုတ်မြောင်းငယ်များကို အမြန်ဆုံးတူးဖော်ပေးရမည်ဖြစ်ပြီး၊ အမြစ်များ လေဝင်လေထွက်ကောင်းစေရန် ကျင်းဘေးမှမြေများကို အပင်ခြေသို့ ဆွဲတင်၍ ဘောင်ဖော်ပေးသင့်ပါသည်။ ထို့ပြင် မိုးအပြီး စိုထိုင်းဆကြောင့် ဖြစ်ပွားတတ်သော မှိုရောဂါများကို ကာကွယ်ရန် မန်ကိုဇက် (Mancozeb) သို့မဟုတ် ကော့ပါး (Copper) ပါဝင်သော မှိုသတ်ဆေးတစ်မျိုးမျိုးကို အမြန်ဆုံး ပက်ဖျန်းပေးရန် လိုအပ်ပါသည်။ မြေကြီးအရမ်းစိုနေချိန်တွင် မြေဆွခြင်းကို ရှောင်ကြဉ်ပြီး မြေအနည်းငယ်ခြောက်မှသာ ပေါင်းမြက်ရှင်းခြင်းကို လုပ်ဆောင်သင့်ပါသည်။မိုးအရမ်းမများဘူးဆိုရင်တော့ ဘောင်မဖော်ချင်ရင်တောင် ရေနှုတ်မြောင်းဖော်ဆောင်ပေးထားရင်ရပါတယ်ခင်ဗျာ၊
ဆက်စပ်မေးခွန်းများ
အရွက်မျာပေါ်မှာ ရွက်ထွင်းပိုးများကျရောက်နေပါတယ်. ဘယ်လိုကြိုတင်ကာကွယ်ရမလဲ
ဖြေကြားချက် 1 ခု
မသိလိုမေးကြည်တာပါဗျာဒီအစိမ်းရောင်လမ်းထဲမှာနေတိုင်းစျေးနှုန်းတေကိုဘယ်ကြည်ရလဲဗျာကြည်နည်းရှေိလားဗျာ
ဖြေကြားချက် 1 ခု
မိုးခရမ်းချဉ်စိုက်ပျိုးနည်းနဲ့စိုက်ရမယ့်မျိုးစေ့ အမျိုးအစား တံဆိပ်လေးညွှန်းပေးအုံးဆရာတို့ ပဲခူးဘက်မှာစိုက်မှာ...
ဖြေကြားချက် 2 ခု
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အ...
ဖြေကြားချက် 2 ခု
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျ...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။