ဖြေကြားချက် ၁ ခု
ကော်မတီများသို့ မွေးမြူရေးကဏ္ဍ ထပ်မံဖြည့်ဆည်းပေးရာတွင် လက်ရှိပေးထားသော ခြံထူထောင်ခြင်းနှင့် ဝက်အစာလည်ပတ်မှုလုပ်ငန်းများအပြင် ရေရှည်အောင်မြင်စေရန်အတွက် ဝက်ကာလဝမ်းရောဂါနှင့် အာဖရိကဝက်အဖျားရောဂါ (ASF) ကဲ့သို့သော အန္တရာယ်ရှိရောဂါများအတွက် မရှိမဖြစ်လိုအပ်သော ကာကွယ်ဆေး၊ ဆေးဝါးများနှင့် ဇီဝလုံခြုံရေး (Biosecurity) ပိုးသတ်ဆေးပစ္စည်းများ ပံ့ပိုးပေးသင့်ပါသည်။ ဗီတာမင်နှင့် သတ္တုဓာတ်ဖြည့်စွက်စာများ ဖြည့်ဆည်းပေးခြင်း၊ ဒေသထွက်ကုန်ကြမ်းဖြင့် အစာစပ်နည်းပညာကူညီပေးခြင်းဖြင့် အစာစရိတ်ကို လျှော့ချရပါမည်။ နောက်ဆုံးအနေဖြင့် မွေးမြူသူများ စနစ်တကျ ကိုင်တွယ်နိုင်ရန် လက်တွေ့အသုံးချမွေးမြူရေးသင်တန်းများ ပေးခြင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ကိုင်နိုင်ရန် ဈေးကွက်ချိတ်ဆက်ပေးခြင်းတို့ကို စုံလင်စွာ ဖြည့်ဆည်းပေးသင့်တယ်လို့မြင်မိပါတယ်။ကျွန်တော်လေ့လာမိသလောက် မြင်သလောက်ပြောတာပါဗျ၊ အခြားကျွမ်းကျင်သိရှိနားလည်သူများလည်း ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ဝက်ဈေးနှုန်းလေးသိချင်ပါတယ် ဧရာဝတီတိုင်းကပါ
ဖြေကြားချက် 0 ခု
ဆိတ်သားခွဲဈေး ဘယ်လောက်ရှိလဲဗျ ခုမှစမွေးမလို့ပါ ...ပြည်ဘက်မှာ
ဖြေကြားချက် 1 ခု
ငါးမွေးချင်လို့ပါ ဘယ်လိုငါးအမျိုးအစားမွေးရင်ကောင်းမလဲ အကြံပေးကြပါအုံး၏
ဖြေကြားချက် 2 ခု
ခရုဈေးက အစိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြေကြားချက် 0 ခု
ရေပန်းစားသော အကြောင်းအရာများ