အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
116
လွန်ခဲ့သော ၃ လ က · ပွင့်ဖြူ

စပျစ်ပင် ကိုင်းဆက်မျိုး ပါ စိုက်ပြီး ၂၅ရက်သားအခြေနေပါ ဖြုတ်စိမ်း၊ ပိုးစေးနှဲနှင့် ကျိုင်းကောင်များကြရောက်နေပါ...

စပျစ်ပင် ကိုင်းဆက်မျိုး ပါ စိုက်ပြီး ၂၅ရက်သားအခြေနေပါ ဖြုတ်စိမ်း၊ ပိုးစေးနှဲနှင့် ကျိုင်းကောင်များကြရောက်နေပါသည်။ အပင်ခြေတွင် ပုရွတ်ဆိတ်များလည်းရှိနေပါသည်။ ဘာဆေးဖျန်းရမလဲရှင့်။ ပိုးသတ်ဆေးအရည်ရောဖျန်းလို့ရပါသလားရှင့် း

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၂၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက် အညွန့်
စိုက်ပျိုး ဗဟုသုတ စပျစ်
Post image
Post image

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

ဆေးဖျန်းလို့ရပါတယ်။ပုရွက်ဆိတ်ကတော့ ပိုးစေးနှဲရှိလို့လာတာပါ။ စပျစ်က အရိုင်းပင် ထင်ပါတယ်။

116 လွန်ခဲ့သော ၃ လ က

စပျစ်က အရိုင်းပင်ပါရှင့်

116 လွန်ခဲ့သော ၃ လ က

ခုလို ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်

348,957 လွန်ခဲ့သော ၃ လ က

သက်တမ်း ၂၅ ရက်ရှိ စပျစ်ကိုင်းဆက်ပင်များတွင် ဖြုတ်စိမ်း၊ ပိုးစေးနှဲ၊ ကျိုင်းကောင်နှင့် ပုရွက်ဆိတ်များ ကျရောက်ပါက ပိုးသတ်ဆေး ဖျန်းနိုင်သော်လည်း အပင်နုသဖြင့် ဆေးညွှန်းထက် ပိုမသုံးရန် သတိပြုရပါမယ်။ စုပ်စားပိုးများအတွက် အီမီဒါကလိုပရစ်(Imidacloprid) သို့မဟုတ် အဆီတာမီပရစ်(Acetamiprid)ကို သုံးနိုင်ပြီး၊ ကိုက်ဖြတ်ပိုးများနှင့် ကျိုင်းကောင်များအတွက် ဆိုက်ပါမီသရင်(Cypermethrin)ကို ရွေးချယ်နိုင်ပါသည်။ အပင်ခြေရှိ ပုရွက်ဆိတ်များကို နှိမ်နင်းရန် ဖီပရိုနေး (Fipronil)ဆေးမှုန့် ဖြူးပေးနိုင်ပြီး ပိုးမွှားခိုအောင်းမှု လျော့နည်းစေရန် ညနေပိုင်းတွင် ဆေးဖျန်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းနှင့် လေဝင်လေထွက် ကောင်းအောင် စီမံခြင်းတို့ကို စနစ်တကျ လုပ်ဆောင်ပေးသင့်ပါတယ်။

You

ဆက်စပ်မေးခွန်းများ

RGပါ15ရက်သားပါ ရောဂါကင်းပီးအသီးထွက်နှုန်းကောင်းဖို့ဘာတေလုပ်ဆောင်သင့်လဲ စိုက်ပျိုးရေးတွေ့ကြုံမရှိသေးလို့ကူညီပေး...

ဖြေကြားချက် 3 ခု

ပိုးသတ်ဆေး မှိုသတ်ဆေး နဲ့ အားဆေးတို့ဖျန်းတဲ့အခါ ဘယ်ဆေးတွေက တွဲဖျန်းလို့ရပြီး ဖျန်းတဲ့အခါ ဘယ်ဆေးတွေက ဘယ်အချိန်...

ဖြေကြားချက် 3 ခု

ပင်ဆွေးမြစ်ဆွေးကိုဘယ်လိုကုသရပါသလဲဆရာ ကျေးဇူးပါ

ဖြေကြားချက် 2 ခု

hi စိုက်ပျိုးရေးပညာရှင်ကြီးများရှင့် မန္တလေးတိုင်း နွားထိုးကြီးနယ်ဘက်မှာ စပျစ်စိုက်လို့အဆင်ပြေလောက်မလားသိချင်...

ဖြေကြားချက် 2 ခု

ပေါင်းရှင်းပြီးပါပြီ နောက်တစ်ခါ ပေါင်းပြန်ထွက်လာရင် ခြံထဲ ပေါင်းမရှိအောင် ဘယ်လိုတွေဆောင်ရွက်သင့်လဲဗျ

ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။