အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
26
လွန်ခဲ့သော ၃ လ က · အမရပူရ

ဘာရောဂါဖစ်တာလဲသိချင်ပါတယ်ဆရာဘယ်လိုကုသမှာလဲဖြေပေးပါအုံးဗျ သုံးစွဲထားသောဆေးဓါတ်ပုံရိုက်ပြထားပါတယ်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၃၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
ပင်စည် အရွက် အညွန့်
ရာသီဥတု (တစ်ပတ်အတွင်း)
တိမ်အသင့်အတင့်ဖြစ်ထွန်း
စိုက်ပျိုးနည်း သင်္ဘော
Post image
Post image
Post image
Post image
Post image
+၁

ဖြေကြားချက် ၃ ခု

25 လွန်ခဲ့သော ၃ လ က

ပန်းမစျေးလေးသိချင်

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ လ က

ဗိုင်းရပ်ရောဂါ ဝင်နေတာလို့ယူဆပါတယ်။ကုသဖို့တော့ခက်ပါလိမ့်မယ်။ မျိုးပြောင်းပြီး ပျိုးပင် ရံထားစေချင်ပါတယ်။

348,307 လွန်ခဲ့သော ၃ လ က

ပုံပါသင်္ဘောရွက်သည် ရွက်ကြောများ စိမ်းနေပြီး အကြောကြားများ ဝါဖျော့နေသည့်အတွက် မဂ္ဂနီစီယမ် အာဟာရဓာတ် ချို့တဲ့ခြင်း (Magnesium Deficiency) သို့မဟုတ် ဗိုင်းရပ်စ်ကြောင့် ဖြစ်သော သင်္ဘောကွင်းပြောက်ရောဂါ (PRSV) ဖြစ်နိုင်ခြေ အများဆုံးရှိနေပါတယ်။ အကယ်၍ အာဟာရချို့တဲ့ခြင်းဖြစ်ပါက Magnesium (Mg)ပါသောရွက်ဖျန်းအားဆေးဖျန်းပေးခြင်းဖြင့် ကုသနိုင်သော်လည်း၊ ဗိုင်းရပ်စ်ရောဂါဖြစ်ပါက သယ်ဆောင်လာသည့် ပျပိုးများကို ပိုးသတ်ဆေးဖြင့် နှိမ်နင်းရပါမယ်။ ဤလက္ခဏာသည် အောက်ရွက်ဟောင်းများ သို့မဟုတ် အထက်ရွက်နုများတွင် ဖြစ်ပွားခြင်း ရှိ၊ မရှိပေါ် မူတည်၍ ရောဂါကို တိကျစွာ ခွဲခြားနိုင်ပါတယ်။ပုံပါမြင်ရသလောက်တော့လက္ခဏာသည် အရွက်ဟောင်းများတွင် စတင်ဖြစ်ပွားခြင်းကြောင့် မဂ္ဂနီစီယမ်ဓာတ် လုံးဝချို့တဲ့နေကြောင်း အတည်ပြုနိုင်မယ်ထင်ပါတယ်။ ဤပြဿနာကို ဖြေရှင်းရန် အမြန်ဆုံးနည်းလမ်းမှာ မဂ္ဂနီစီယမ်ပါသောရွက်ဖျန်းအားဆေးကို အရွက်များပေါ်သို့ တိုက်ရိုက်ဖျန်းပေးခြင်း ဖြစ်ပါတယ်။ ထို့ပြင် စိုက်ပျိုးမြေ အက်ဆစ်ဓာတ်လွန်ကဲ မြေချဉ်နေပါကလည်း ဤဓာတ်ကို မစုပ်ယူနိုင်ဘဲ ဖြစ်တတ်သဖြင့် မြေဆီလွှာထဲသို့ ထုံး (Dolomite Lime) ထည့်သွင်းပေးခြင်းဖြင့် ရေရှည်အတွက် ပြုပြင်နိုင်ပါတယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။