အစိမ်းရောင်လမ်း
အစိမ်းရောင်လမ်း အက်ပ်
အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။
ရယူရန် ရယူရန်
46
လွန်ခဲ့သော ၃ လ က · ကျိုင်းတုံ
Mepiquat Chlorideကို စပါး အပင် အရမ်းထပြီး လဲကျမှာ ဆိုးလို့ ဖုံးတုံးလုံးတုံးဖြစ်နေချိန် ဖျန်းသင့်လား။ (ဖြေကြား...
Mepiquat Chlorideကို စပါး အပင် အရမ်းထပြီး လဲကျမှာ ဆိုးလို့ ဖုံးတုံးလုံးတုံးဖြစ်နေချိန် ဖျန်းသင့်လား။ (ဖြေကြားပေးပါဗျ)
ခေတ်သစ်စိုက်ပျိုးရေး စပါး
Post image
ဖြေကြားချက် ၃ ခု
46 လွန်ခဲ့သော ၃ လ က
ကျေးဇူးပါဗျ
အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ လ က
ဖုံးလုံးချိန်ဆိုရင်၊နောက်ကျပါပြီ။ ပင်ပွားချိန်ကာလလောက်က ဖျန်းသင့်ပါတယ်။ ခုချိန် မဖျန်းသင့်ပါဘူးဗျ။စပါးအထွက်ထိခိုက်နိုင်ပါတယ်။
348,307 လွန်ခဲ့သော ၃ လ က
စပါးခင်းတွင် အပင်များ အလွန်အမင်း ထောင်ပြီး လဲကျတော့မည့် အခြေအနေမျိုးတွင် Mepiquat Chloride (မက်ပီကွတ် ကလိုရိုက်) ကို အသုံးပြုရန် လုံးဝ မသင့်တော်ပါဘူး။ ဤဆေးသည် အပင်ကြီးထွားမှု ထိန်းညှိဆေး (PGR) ဖြစ်ပြီး အပင်မတ်နေစဉ် ကြိုတင်ပက်ဖျန်းမှသာ အဆစ်ကြားတိုစေရန် လုပ်ဆောင်ပေးနိုင်ခြင်း ဖြစ်ပါတယ်။ အပင်များ ရှည်ထွက်ပြီး လဲလုနီးပါး ဖြစ်နေချိန်တွင် ဖျန်းပါက ထိရောက်မှု မရှိတော့ပါဘူး။ ထို့ကြောင့် လက်ရှိတွင် လယ်ကွင်းထဲမှ ရေကို ချက်ချင်းထုတ်ပစ်ခြင်း၊ နိုက်ထရိုဂျင် (ယူရီးယား) မြေသြဇာ ကျွေးခြင်းကို ရပ်ဆိုင်းခြင်းနှင့် ပင်စည်သန်မာစေရန် ပိုတက်ရှ် (Potash) သို့မဟုတ် ဆီလီကာ (Silica) ကို ဖြည့်တင်းပေးခြင်းဖြင့်သာ အရေးပေါ် ကုသပေးရပါမယ်ခင်ဗျာ။
You
Farm Link Co.,Ltd
Farm Link Co.,Ltd
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဆရာရေး ကျွန်တော်စပါးကအခုမှ 19ရက်သာပဲရှိပါသေးတယ် နိုက်ထရိုဂျင်မြေသြဇာကျွေးရင် ဘယ်ရက်သားလောက်မှကျွေးရင်အဆင်ပြေမ...
ဖြေကြားချက် 1 ခု
နိုက်ထရိုဂျင်ကျွေးတဲ့အခါ သဘဝမြေသြဇာဖြစ်တဲ့ နွားချေး သစ်ဆွေး မြေးဆွေး ကြက်ချေးတို့နဲ့ဆတူရောပြီးကျွေးရင်အဆင်ပြေ...
ဖြေကြားချက် 2 ခု
စပါး နိုက်ထရိုဂျင်ကျွေးတဲ့အခါတစ်ဧကဘယ်လောက်ကျွေးရမလဲ ဘယ်လိုကျွေးရမလဲ သိချင်ပါတယ်ရှင်ပြပေးပါဦဆရာ
ဖြေကြားချက် 1 ခု
ဖွကွေားခကျြ 2 ခု
စပါးအစေ့တွေကို ဘယ်လို မျိုးအောင်မအောင် စစ်ရလဲ ပြီးတော့ အိမ်မှာရှိတဲ့ ဆန်တွေ၊စပါး‌အစေ့တွေကိုရော စိုက်လို့ရလား
ဖြေကြားချက် 3 ခု
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။