အစိမ်းရောင်လမ်း
အစိမ်းရောင်လမ်း အက်ပ်
အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။
ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
59
လွန်ခဲ့သော ၃ လ က · ဘားအံ
စပါးအစေ့တွေကို ဘယ်လို မျိုးအောင်မအောင် စစ်ရလဲ ပြီးတော့ အိမ်မှာရှိတဲ့ ဆန်တွေ၊စပါး‌အစေ့တွေကိုရော စိုက်လို့ရလား
စိုက်ပျိုး ဗဟုသုတ စပါး
ဖြေကြားချက် ၃ ခု
348,948 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်
စပါးမျိုးစေ့ အောင်၊ မအောင်နှင့် အပင်ပေါက်နိုင်စွမ်းရှိ၊ မရှိကို အိမ်တွင် အလွယ်တကူ နည်းလမ်းနှစ်မျိုးဖြင့် စမ်းသပ်နိုင်ပါတယ်။ ပထမနည်းလမ်းမှာ စပါးစေ့များကို ရေထဲထည့်၍ မွှေပေးခြင်းဖြစ်ပြီး ရေပေါ်ပေါ်လာသော အဖျင်းများနှင့် မအောင်သောအစေ့များကို ခပ်ထုတ်ကာ ရေအောက်နစ်သော အောင်စေ့များကိုသာ ရွေးချယ်ရပါမည်။ ဒုတိယနည်းလမ်းမှာ ထိုအောင်စေ့များထဲမှ အစေ့ ၁၀၀ ကို ရေစိုဂုံနီအိတ်တွင် တင်၍ ၃ ရက်မှ ၅ ရက်အထိ အစိုဓာတ်ပေးကာ အပင်ဖောက် စမ်းသပ်ခြင်းဖြစ်ပြီး အပင်ပေါက်နှုန်း ၈၀% ကျော်ပါက မျိုးအောင်နှုန်း ကောင်းမွန်သည်ဟု သတ်မှတ်နိုင်ပါသည်။ အိမ်ရှိဆန်နှင့် စပါးစေ့များကို ရောစိုက်ရန်ကိစ္စတွင်မူ စပါးခွံကြိတ်ပြီးသား "ဆန်" သည် မျိုးသန္ဓေမရှိတော့သဖြင့် မြေကြီးထဲတွင် ပုပ်သွားမည်ဖြစ်ကာ လုံးဝ အပင်မပေါက်နိုင်ပါ။ အိမ်ရှိ "စပါးစေ့" များကိုမူ စိုက်ပျိုးနိုင်သော်လည်း အမျိုးအစားမတူဘဲ ရောစိုက်ပါက သက်တမ်းမညီခြင်း၊ အမြင့်မတူခြင်းတို့ကြောင့် အထွက်နှုန်းကျဆင်းပြီး ရိတ်သိမ်းရခက်ခဲစေသဖြင့် မျိုးမရောဘဲ သီးသန့်သာ စိုက်ပျိုးသင့်သည်။မျိုးကောင်းမျိုးသန့်သာဝယ်ယူစိုက်ပျိုးသင့်ပါတယ်၊ သို့မဟုတ် မိမိကိုယ်တိုင် မျိုးကောင်းမျိုးသန့်ဖြစ်အောင်လက်ကွက်အနည်းငယ်ကို ဂရုစိုက်ပြီး မိမိကိုယ်တိုင် မျိုးကောင်းမျိုးသန့်ထားပြီးသုံးနိုင်ပါတယ်ခင်ဗျာ။
အတည်ပြုပြီး 22,958 လွန်ခဲ့သော ၃ လ က
ဆန်ကိုစိုက်လို့မရပါစပါးကိုကြိတ်လိုက်ရင်သဒေလောင်းလေးပျက်စီးသွားလို့ပါအောင်တဲ့စပါးစေ့ကိုဆားရေထဲမှာစိမ်ပြီးရွေးလို့ရပါတယ်ဆားရေကတော့ရေထဲကိုဆားထည့်ပြီးလပ်ဆပ်တဲ့ကြက်ဥရေပေါ်ပေါ်တဲ့အထီဆားထည့်ထာတဲ့ရေဖြစ်ရမယ်
You
Farm Link Co.,Ltd
Farm Link Co.,Ltd
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဖွကွေားခကျြ 2 ခု
Mepiquat Chlorideကို စပါး အပင် အရမ်းထပြီး လဲကျမှာ ဆိုးလို့ ဖုံးတုံးလုံးတုံးဖြစ်နေချိန် ဖျန်းသင့်လား။ (ဖြေကြား...
ဖြေကြားချက် 3 ခု
ဆရာရေး ကျွန်တော်စပါးကအခုမှ 19ရက်သာပဲရှိပါသေးတယ် နိုက်ထရိုဂျင်မြေသြဇာကျွေးရင် ဘယ်ရက်သားလောက်မှကျွေးရင်အဆင်ပြေမ...
ဖြေကြားချက် 1 ခု
ဝါခေါင် လဆန်းထဲမှာ ရက်၉၀စပါးကျဲလို့ရလာခဗျာ ရေနဲ့မိုး ကိုယ်မခန့်မှန်းတက်လို့ပါ သိတဲ့လူရှိရင်ပြောပြပေးပါ ကျွန်...
ဖြေကြားချက် 1 ခု
ဆရာကြီးတို့ တောင်သူဘဝမှာတိုင်အပက်ဆုံးမြတ် ဘယ်လိုaiတွေသုံးသင့်လဲ😭😭😭
ဖြေကြားချက် 2 ခု
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။