အစိမ်းရောင်လမ်း
အစိမ်းရောင်လမ်း အက်ပ်
အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။
ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
795
လွန်ခဲ့သော ၃ လ က · အုတ်ဖို
ဆရာကြီးတို့ တောင်သူဘဝမှာတိုင်အပက်ဆုံးမြတ် ဘယ်လိုaiတွေသုံးသင့်လဲ😭😭😭
စိုက်ပျိုး ဗဟုသုတ စပါး
Post image
Post image
Post image
Post image
ဖြေကြားချက် ၂ ခု
348,307 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်
ပုံပါအပင်သည် စပါးခင်းများတွင် အာဟာရလုယူမှုမြင့်မားပြီး အမြစ်ပြတ်ရန်ခက်ခဲသော 'ဝါးရုံမြက်' ဖြစ်ပါတယ်။ ၎င်းကို စပါးမစိုက်ပျိုးမီ ထွန်ရေးပြင်ချိန်မတိုင်မီ ၁၀ရက်အလိုတည်းက ဂလိုင်ဖိုဆိတ် (Glyphosate) ဆေးဖြင့် ကြိုတင်နှိမ်နင်းနိုင်သလို၊ စပါးစိုက်ပြီးနောက် ပေါင်းပင်ငယ်စဉ်တွင်လည်း Bispyribac-sodium ကဲ့သို့ ရွေးချယ်သတ်ဆေးများဖျန်း၍ ရေသွင်းလှောင်ခြင်းဖြင့် စနစ်တကျ နှိမ်နင်းနိုင်ပါသည်။ တောင်သူများ လက်တွေ့အသုံးပြုလေ့ရှိသော Fenoxaprop-P-ethyl နှင့် Fomesafen ဆေးတွဲသည် မြက်ကြသောင်းကို ပြတ်ပြတ်သားသား သေစေနိုင်သော်လည်း Fomesafen ကြောင့် စပါးပင် ဆေးလောင်ခြင်း၊ စပါးပင်ကြီးထွားမှုတန့်သွားခြင်းတို့ ဖြစ်တတ်ပါတယ်။ ထို့ကြောင့် ဤဆေးတွဲကို အသုံးပြုမည်ဆိုပါက စပါးပင်နုစဉ် လုံးဝမသုံးရဘဲ စပါးသက်တမ်း (၂၅-၃၀) ရက်နောက်ပိုင်း အပင်ပွားစည်းချိန်မှသာ Fomesafen ဆေးနှုန်းထားကို ပုံမှန်ထက်လျှော့ချ၍ မြေအစိုဓာတ် ပြည့်ဝချိန်တွင် အထူးသတိပြု ပက်ဖြန်းရပါမယ်ခင်ဗျာ။
အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်
လက်သည်းစောင်း၊ရေမဆွတ်၊ဝါးရုံမြက်တွေက အပင်ကြီးသွားရင် ပေါင်းသတ်ဆေးမနိုင်ပါဘူး။ ရေစပ်စပ်မှာ fomesafen ၄၀စီစီဖျန်းနေကြရပါတယ်။ လာမည့်နှစ်တွေမှာ ပေါင်းအုပ်ဆေး သုံးစွဲပါ။
You
ဆက်စပ်မေးခွန်းများ
ဝါခေါင် လဆန်းထဲမှာ ရက်၉၀စပါးကျဲလို့ရလာခဗျာ ရေနဲ့မိုး ကိုယ်မခန့်မှန်းတက်လို့ပါ သိတဲ့လူရှိရင်ပြောပြပေးပါ ကျွန်...
ဖြေကြားချက် 1 ခု
စပါးအစေ့တွေကို ဘယ်လို မျိုးအောင်မအောင် စစ်ရလဲ ပြီးတော့ အိမ်မှာရှိတဲ့ ဆန်တွေ၊စပါး‌အစေ့တွေကိုရော စိုက်လို့ရလား
ဖြေကြားချက် 3 ခု
ဖွကွေားခကျြ 2 ခု
ဆရာခင်ဗျာ ကျွန်တော်စပါးမျိုးကဘေးကြားတောင်ပျံမျိုးပါ နှစ်စဉ်ရာသီဥတုကြောင့်ယိုင်လဲမှု့ဖြစ်ပါတယ် ယခုဆေး mepiquat...
ဖြေကြားချက် 2 ခု
ဧရာမင်းစပါးကိုအထွက်နှုန်းကောင်းအောင်ဘယ်လိုတွေလုပ်သင့်လဲ
ဖြေကြားချက် 1 ခု
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။