အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
156
လွန်ခဲ့သော ၃ လ က · ကျုံပျော်

ကွမ်းေဆးေရစိမ်စိုက်ရင်ဘယ်ဆေးေကာင်းလည်းအကြံေပးပါအုံးဆရာတို့ေရ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
ရာသီဥတု (တစ်ပတ်အတွင်း)
မိုးရွာ
ပိုးမွှားရောဂါ ကွမ်း

ဖြေကြားချက် ၇ ခု

348,948 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

ကွမ်းစိုက်ပျိုးရာတွင် မှိုနှင့် ဘက်တီးရီးယားကြောင့် ဖြစ်ပွားတတ်သည့် အမြစ်ပုပ်၊ ပင်ခြေပုပ်နှင့် ခါးရိရောဂါများကို ကြိုတင်ကာကွယ်ရန်အတွက် ကွမ်းမျိုး (ကွမ်းညွန့်) ကို မစိုက်ပျိုးမီ ဆေးရည်မဖြစ်မနေ စိမ်ပြီးမှ စိုက်ပျိုးသင့်ပါတယ်။ စိုက်ပျိုးမည့် ကွမ်းညွန့်များကို မက်တယ်လပ်ဆီး (Metalaxyl) သို့မဟုတ် ကာဗင်ဒါဇင် (Carbendazim) ကဲ့သို့သော ပင်လုံးပျံ့မှိုသတ်ဆေး တစ်မျိုးမျိုးကို ရေ ၁ ဂါလန်လျှင် ဆေး ၁၀-၁၅ ဂရမ် နှုန်းဖြင့် ဖျော်စပ်ပြီး အနည်းဆုံး ၁၅ မိနစ်မှ မိနစ် ၂၀ ခန့် စိမ်ပေးရပါမည်။ အထူးသဖြင့် ပုံပါမေးခွန်းတွင် ဖော်ပြထားသည့် မိုးရွာသွန်းသော ရာသီဥတုအခြေအနေမျိုး၌ စိုထိုင်းဆများပြီး ရောဂါပိုး ပိုမိုပွားများလွယ်သောကြောင့် ဤဆေးစိမ်နည်းလမ်းသည် အပင်အသေအပျောက်နည်းစေရန်နှင့် အမြစ်ထွက်အား ကောင်းမွန်စေရန်အတွက် အလွန်ထိရောက်သော ကြိုတင်ကာကွယ်မှု ဖြစ်ပါတယ်ခင်ဗျာ။မြေခံမှာကတည်းက ထရိုင်ကိုဒါးမားမှိုထည့်သွင်းပေးခြင်းဖြင့်လည်း မှို‌ ရောဂါများစွာကိုထိရောက်စွာကာကွယ်နိုင်ပါတယ်ခင်ဗျာ။

156 လွန်ခဲ့သော ၃ လ က

metalaxyက 10ဂရမ် ဆိုmancozedက 40လား ေဆးတစ်ပုံးထည့်ရမယ့်နှုန်းထားလားေရတစ်ဂါလံထည့်ရမယ့်နှုန်းထားလားဆရာ

156 လွန်ခဲ့သော ၃ လ က

ခုလိုေြဖကြားေပးလို့ေကျးဇူးပါ

348,948 လွန်ခဲ့သော ၃ လ က

Metalaxy က1mancozebက4ပါဗြ

156 လွန်ခဲ့သော ၃ လ က

ထရိုင်ကိုဒါးမားကဘယ်မှာဝယ်လို့ရလဲ

156 လွန်ခဲ့သော ၃ လ က

(1:4)ဘယ်ဆေးက1ဘယ်ဆေးက4လဲဆရာ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ လ က

metalaxyl+mancozeb (1:4)ရောပြီး ရေစိမ်စိုက်ပါ။သို့မဟုတ် ဖို့စတိုင်းအလူမိနိယံ ၊ရေ၁ဂါလံ=၃၀ဂရမ် ရေဖျော် စိမ်စိုက်ပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။