အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,768
လွန်ခဲ့သော ၃ လ က · ချောက်

ဆရာကြည့်ပေးပါအူးဗျ ခရမ်းခေါင်းက 1 ရက်နေ့က စပျိုးထားတာပါ ခရမ်းချဥ်က 6 ရက်နေ့ပျိုးတာပါ ဘယ်နှစ်ရက်သားတေဆိုမြေချ...

ဆရာကြည့်ပေးပါအူးဗျ ခရမ်းခေါင်းက 1 ရက်နေ့က စပျိုးထားတာပါ ခရမ်းချဥ်က 6 ရက်နေ့ပျိုးတာပါ ဘယ်နှစ်ရက်သားတေဆိုမြေချစိုက်လို့ရပီလဲဗျ ပီးတော့ အဲ့အပင်လေးတွေဆွဲနှုတ်တဲ့အခါ အလုံးလေးလိုက်ပါလာအောင်လဲ ဘယ်လိုလုပ်ရလဲ ပီးတော့ ဘယ်နှစ်ရက်သားဆို ဆေးဖျနိးလို့ရပီလဲ ဘာဆေးဖျန်းရမလဲဗျ ကျေးဇူးပါဆရာတို့

စိုက်ပျိုးနည်း ခရမ်းသီး
Post image
Post image

ဖြေကြားချက် ၅ ခု

348,948 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

ခရမ်းပင် ကို ၁ ရက်နေ့၊ ခရမ်းချဉ်ကို ၆ ရက်နေ့တွင် ပျိုးထောင်ထားသဖြင့် အကောင်းဆုံး ပြောင်းရွှေ့စိုက်ပျိုးရမည့် သက်တမ်းမှာ ပျိုးသက် ၂၅ ရက်မှ ရက် ၃၀ အတွင်း (သို့မဟုတ်) အရွက်စစ် ၄ ရွက်မှ ၆ ရွက် ထွက်ချိန် ဖြစ်ပါတယ်။ ထို့ကြောင့် ခရမ်းကို ၂၅ ရက်မှ ၃၀ ရက်နေ့အတွင်း၊ ခရမ်းချဉ်ကို ၃၁ ရက်နေ့မှ လာမည့်လ ၅ ရက်နေ့အတွင်း စိုက်ခင်းရွှေ့ရပါမယ်။ ပျိုးပင်နုတ်ရာတွင် မြေခဲပါလာစေရန် မနုတ်မီ ၃ နာရီခန့်အလိုတွင် ရေဝအောင် လောင်းထားရမည်ဖြစ်ပြီး၊ နုတ်သည့်အခါ ဇွန်း (သို့) တုတ်ပြားဖြင့် အောက်မှ ပင့်မရပါမယ်။ ပြောင်းရွှေ့စိုက်ပျိုးခြင်းကို ညနေစောင်းတွင်သာ လုပ်ဆောင်သင့်ပါတယ်၊ ပြောင်းရွှေ့စိုက်ပျိုးပြီး ၁၀-၁၄ရက်အကြာမှာ ကလိုရိုသာလိုနေး (Chlorothalonil)မှိုသတ်ဆေးဖျန်းပေးနိုင်ပါတယ်

9,768 လွန်ခဲ့သော ၃ လ က

ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ

348,948 လွန်ခဲ့သော ၃ လ က

ဟော်မုန်းဆေးများကို ပျိုးဗန်းထဲ ဖျန်းမည့်အစား ပျိုးပင်များကို နုတ်ယူပြီးနောက် စိုက်ခင်းထဲ ရွှေ့စိုက်ပြီး ၁ ပတ်ခန့်အကြာ အမြစ်သစ်ထွက်ချိန်ကျမှသာ ပင်ခြေသို့ ဖျန်းပေးခြင်းဖြင့် အပင်နာသက်သာပြီး အမြစ်စွဲအလွန်မြန်စေကာ အထိရောက်ဆုံး ဖြစ်စေပါလိမ့်မယ်ခင်ဗျာ။

9,768 လွန်ခဲ့သော ၃ လ က

အခုပျိုးဗန်းထဲမှာ တောနစ် တို့မော်ရယ်မုန်းတို့ဖျန်းရန်လိုအပ်ပါသလားဆရာခင်ဗျ

9,768 လွန်ခဲ့သော ၃ လ က

ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ

You

ဆက်စပ်မေးခွန်းများ

ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။

ဖြေကြားချက် 2 ခု

ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲ...

ဖြေကြားချက် 2 ခု

ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုး...

ဖြေကြားချက် 2 ခု

ပုံပါ အရွက်သီးသန့်ရိုက်ထားတဲ့ပုံမှာပိုးကောင်လေးတွေတော့ တွေ့တယ် အပင်တချို့မှာ အရွက်ပေါ် အဝိုင်းကွက်လေးတွေခြောက်...

ဖြေကြားချက် 4 ခု

အရွက်တွေ ဒီလိုဖြစ်နေတယ်ဗျ။ဘာရောဂါလဲ။ #ခရမ်း🍆

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။