စပါးကြားထဲတွင် တတ်ပွတ် ကို စပါးပင်လည်းမထိဆအာင် ဘယ်Aiနက်ရှင်းလည်းခင်ဗျ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၂၀ ရက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- ရာသီဥအုံ့မှိုင်း
သက်တမ်း ၂၀ ရက်ရှိ စပါးခင်းတွင် တုတ်ပတ်မြက်ကို နှိမ်နင်းရန် စပါးပင်မထိခိုက်သော ရွေးချယ်ပေါင်းသတ်ဆေးများ ဖြစ်သည့် ကွန်ပလိ+ဝိုက် တွဲဖက်ဆေး (AI: Penoxsulam + Cyhalofop-butyl နှင့် Bispyribac-sodium တို့ ပေါင်းစပ်မှု)၊ သို့မဟုတ် ရွှေပုလ္လင်ဆေး (AI: Fenoxaprop-p-ethyl + Quinclorac + Pyrazosulfuron-ethyl)၊ သို့မဟုတ် ခရေဇီဆေး (AI: Bispyribac-sodium 10% W/V SC) ကို အသုံးပြုရပါမည်။ ဆေးဖျန်းရာတွင် အာနိသင်အပြည့်အဝရရှိစေရန် စိုက်ခင်းအတွင်းရှိ ရေများကို ကုန်စင်အောင် ထုတ်ပစ်ပြီးမှ မြေစိုစွတ်မှုရှိစဉ် ညီညာစွာ ပက်ဖျန်းပေးရပါမည်။ ဆေးဖျန်းပြီး ၂၄ နာရီမှ ၄၈ နာရီအတွင်း စိုက်ခင်းထဲသို့ ရေပြန်သွင်းကာ ၃ ရက်မှ ၄ ရက်ခန့် ရေလှောင်ထားပေးခြင်းဖြင့် ပေါင်းပင်များကို အမြစ်ပြတ် သေကျေပျက်စီးစေနိုင်ပါသည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဆရာကြီးတို့ ပုလဲမြေသြဇာကိုမက်ပဲဆေးပက်သလိုရေဖျော်ပြီစပါးကိုပက်လို့ရလားဆိုးကျိုးရှိနိုင်လားဆရာ တခါမှမလုပ်ဘူးလို့
ဖြေကြားချက် 2 ခု
စပါးခင်း အတွက် ကောက်ချောက်ကြီးထားပါသည် အပင်တွေက ၃ လက်မလောက်ပဲ ရှိပါသေးတယ် ဒီနှစ် ဓာတုဆေးကိုရှော့သုံးချင်လိူ့ E...
ဖြေကြားချက် 2 ခု
ဗျော့ထွန်းမျိုးစပါးက ရာသီစပါးလား သက်တမ်းစပါးလား
ဖြေကြားချက် 2 ခု
စပါးခင်းထဲဘဲစာမြက်ကိုဘယ်ဆေးAIနဲ့ဖြေရှင်းရမလဲ သိတဲ့သူများဖြေပေးပါနော်
ဖြေကြားချက် 3 ခု
အဲ့ အမျိုးအစား မြတ်သတ်ဆေး သိလိုပါသည် ပြောပြပေးပါ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။