အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
796
လွန်ခဲ့သော ၃ လ က · နမ့်စန်

ဘာဓါတ်ချို့တဲ့ အစာစပ်ပြောင်း

စိုက်ပျိုးနည်း ပြောင်း
Post image

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

ပေါင်းသတ်ဆေး၊‌ဓာတ်‌ေမြသြဇာသို့မဟုတ် chemical တခုခုကြောင့် အပင်ဇီဝကမ္မ အနှောင့်အယှက်ဖြစ်စဥ်တခုလို့ယူဆပါတယ်။

348,301 လွန်ခဲ့သော ၃ လ က

ပုံပါ အစာစပ်ပြောင်းပင်ငယ်၏ အရွက်တွင် ဖြူဖျော့ဖျော့ဆဲလ်သေကွက်များ ဖြစ်ပေါ်နေခြင်းသည် ပူပြင်းခြောက်သွေ့သော ရာသီဥတုကြောင့် ဖြစ်ပွားသည့် နေလောင်ခြင်းသို့မဟုတ် ဓာတုဗေဒဓာတ်မတည့်မှုကြောင့် ဖြစ်ပွားသည့် ပေါင်းသတ်ဆေးလောင်ခြင်း ကြောင့် ဖြစ်နိုင်ခြေ အများဆုံး ဖြစ်ပါတယ်။ ၎င်းအပြင် မြေဆီလွှာ အက်ဆစ်ဓာတ်များခြင်းကြောင့် ဖော့စ်ပရပ်စ်၊မဂ္ဂနီဆီယမ် ချို့တဲ့ခြင်း ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အပင်ငယ်စဉ် သဘာဝပတ်ဝန်းကျင် သို့မဟုတ် ဓာတုဒဏ်ကြောင့် အမြစ်မှ အာဟာရ မစုပ်ယူနိုင်ခြင်းဖြစ်ပြီး ကုသရန်အတွက် အမိုင်နိုအက်ဆစ် ရွက်ဖျန်းအားဆေး ဖျန်းပေးခြင်း၊ ရွက်ဖျန်း အားဆေးများဖြင့်အာဟာရဖြည့်ပေးခြင်းနှင့် မြေဆီလွှာ အစိုဓာတ်ကို မှန်မှန်ထိန်းသိမ်းပေးခြင်းတို့ဖြင့် အပင်ကို ပြန်လည်နာလန်ထူလာစေနိုင်ပါတယ်ခင်ဗျာ။

379 လွန်ခဲ့သော ၃ လ က

လောင်ရောဂါကျတာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။