ကွမ်း6000ခြံစိုက်ထားတာ အခုရောဂါတွေကြနေလို့ဘယ်လိုကုသရမလည်း ရိုးမဲ မြစ်ပုပ် ခါးရိ ဆီစွန်း
ဖြစ်ပွားနေသော ရိုးမဲ၊ မြစ်ပုပ်၊ ခါးရိနှင့် ဆီစွန်းလက္ခဏာများသည် မှိုနှင့် ဘက်တီးရီးယားကြောင့်ဖြစ်သော အဖျက်စွမ်းအားပြင်း ရောဂါစုများ ဖြစ်ကြပါတယ်။ ရောဂါသက်သာစေရန် မြစ်ပုပ်နှင့် ခါးရိ (ပင်ခြေပုပ်) အတွက် မက်တယ်လက်ဆီး (Metalaxyl) သို့မဟုတ် Foestyl -Al မှိုသတ်ဆေးရည်ကို အပင်ခြေရင်းမြေကြီးထဲသို့ စိုရွှဲနေအောင် ဖျန်းပေးရမည်ဖြစ်ပြီး၊ ရိုးမဲနှင့် ဆီစွန်း (ရွက်ပြောက်/အညှာပုပ်) အတွက် ကာစူဂါမိုင်စင် (Kasugamycin) ကဲ့သို့ ဘက်တီးရီးယားသတ်ဆေးကို အရွက်များနှင့် ရိုးတံများအနှံ့ ၁ ပတ်ခြား (၂) ကြိမ် ဖြန်းပေးရပါမည်။ ၎င်းအပြင် ကွမ်းခြံအတွင်း ရေမဝပ်စေရန် ရေထုတ်မြောင်းတူးခြင်း၊ လေဝင်လေထွက်ကောင်းအောင် ရှင်းလင်းခြင်း၊ ရောဂါရပင်များကို နှုတ်ယူမီးရှို့ခြင်းနှင့် နိုက်ထရိုဂျင် (ယူရီးယား) မြေသြဇာ အလွန်အကျွံကျွေးခြင်းကို ရှောင်ကြဉ်ခြင်းတို့ဖြင့် ရေရှည်ကာကွယ်နိုင်ပါတယ်ခင်ဗျာ။
ရေထုတ်မြောင်းပြုလုပ်ပါ။ဘောင်တွေပေါ်မှာ ထုံးပါးပါးဖြူးပါ။ ကော့ပါးဟိုက်ဒြောက်ဆိုဒ် ၄၀ဂရမ်+ဘစ်စမာသိုင်ယာဇိုး ၆၀ဂရမ် ဖျန်းပါ။
မြန်မာ့သြဘာထုတ်ဗန်နီဆိုက်ကောင်းတယ်လက်တွေ့
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကွမ်းပင်တွေပင်ခြေနဲ့အမြစ်တွေပုတ်ပြီးနွမ်းနေလို့ပါဘာဆေးသုံးသင့်ပါလဲဘယ်လိုပြုစုနိုင်ပါသလဲ
ဖြေကြားချက် 2 ခု
ကွမ်းမှ ရိုးမဲဆီစွန်းဆစ်ပြုတ် အတွက်(Copper Oxychloride+Kasugamycin)ဆေးနှစ်မျိုးတွဲဖြန်းလို့ရလားဗျ ရရင်ဘယ်လို...
ဖြေကြားချက် 2 ခု
ကွမ်းဆိမ့်ကွက်တွေရှ်ိလို့ပါဘယ်လိုပြုလုက်ပေးသင့်ပါလဲ
ဖြေကြားချက် 1 ခု
ကွမ်းအတွက် ခိုချေး (ငှက်ချေး)ကျွေးလို့ရလားဗျ
ဖြေကြားချက် 3 ခု
ဖြေပေးပါဦးဗျ🙏 Jun 17 ရက်နေ့က ပထမဆုံးအကြိမ် copper oxychloride ဆေးဖြန်းထားပါတယ်ဗျ Jun 20 မှာ မိုးရွာပြီး နောက်...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။