ဖြေကြားချက် ၃ ခု
စပါးခင်းအတွင်း ကျရောက်တတ်သော ရွှေခရုကို အထိရောက်ဆုံး ကာကွယ်ရန် ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်း (IPM) စနစ်ကို သုံးစွဲရပါမည်။ ရေသွင်းမြောင်းများတွင် ဆန်ခါစိပ်တပ်ဆင်၍ ခရုများ လယ်ကွက်ထဲမဝင်အောင် ကြိုတင်တားဆီးပါ။ စပါးစိုက်ပြီး ပထမ (၂) ပတ်အတွင်း ရေအနက်ကို (၁) လက်မခန့်သာ အပေါ်ယံထိန်းထားခြင်းဖြင့် ခရုများ လှုပ်ရှားမှုကို လျှော့ချနိုင်သည်။ ထို့ပြင် လယ်ကွက်ထဲတွင် ဝါးတိုင်များစိုက်၍ ပန်းရောင်ခရုဥမြုံများကို လိုက်လံကောက်ယူဖျက်ဆီးခြင်း၊ သင်္ဘောရွက် သို့မဟုတ် ပိန္နဲခွံများဖြင့် မျှားခေါ်ဖမ်းဆီးခြင်းနှင့် စပါးပင်သက်တမ်းရလျှင် ဘဲလွှတ်ကျောင်းခြင်းတို့ဖြင့် သဘာဝအတိုင်း နှိမ်နင်းနိုင်ပါသည်။ အကယ်၍ ခရုအကောင်ရေ အလွန်များပြားလာပါက မက်တယ်ဒီဟိုက် (Metaldehyde) သို့မဟုတ် နီကလိုဆမိုက် (Niclosamide) ပါဝင်သော ခရုသတ်ဆေးကို စနစ်တကျ ပက်ဖျန်းအသုံးပြုနိုင်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာကြီးများခဗျာ စပါးကိုအချိုမုန့်တဧကတစ်အိမ်ဓာတ်ဆားကျဲသလိုပက်ကြဲလို့ရလားဆရာကြီး
ဖြေကြားချက် 1 ခု
ခရုသတ်ဆေး ခရုဘုရင်က အဘာမက်တင်နဲ့ရောဖျန်းရတယ်ပြောတယ်ဆေးဆိုင်က ဟုတ်ပါသလားဆရာကြီးခင်ဗျ နောက်ပြီးဆေးဖျန်းရင် လယ်ထဲ...
ဖြေကြားချက် 3 ခု
Drum Seederဖြင့်စပါး(အညာသား)စိုက်ပျိုးနည်းအတွက်လိုအပ်တာကိုအဆင့်ဆင့်ပြောပြပါ မြေပြင်တဲ့ချိန်မှစ၍ရိတ်သိမ်းချိန်...
ဖြေကြားချက် 1 ခု
ဆူမိုးကြီးသဘဝကြက်ချေးမြေသြဇာကိုစပါးခင်းထဲကြဲထည့်ပေးရင်အဆင်ပြေလားဆရာ
ဖြေကြားချက် 1 ခု
လှဌေးရှယ်စပါးအကြောင်းသိချင်းပါတယ် စပါးသက်တမ်း ဆေးကျွေးရမယ်ရက် ရောဂါကာကွယ်နည်းသိချင်ပါတယ်
ဖြေကြားချက် 2 ခု