အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
68
လွန်ခဲ့သော ၃ လ က · မြိုင်

မြေအမျိုးအစားက ထုံးကျောက်မြေ၊ 26ရက်သား၊ ပုံထဲကအတိုင်း မြေပဲပင်တွေဝါနေတာဘာဖြစ်လို့လဲခင်ဗျ။ ဘာတွေလုပ်ပေးရမလဲဖြေ...

မြေအမျိုးအစားက ထုံးကျောက်မြေ၊ 26ရက်သား၊ ပုံထဲကအတိုင်း မြေပဲပင်တွေဝါနေတာဘာဖြစ်လို့လဲခင်ဗျ။ ဘာတွေလုပ်ပေးရမလဲဖြေပေးပါ ဆရာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၂၆ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
တိမ်အသင့်အတင့်ဖြစ်ထွန်း
အပင်အာဟာရ မြေပဲ
Post image
Post image

ဖြေကြားချက် ၃ ခု

381 လွန်ခဲ့သော ၃ လ က

အစိုဓါတ်လိုအပ်နေသလိုနိုက်ထရိုဂျင်လဲလိုအပ်နေတဲ့အတွက်BAGကထုတ်ရွှေပင်လယ်ငါးအမိုင်နိုနှင့်တမာရွက်ဖျန်းအားဆေးဖျန်းပါရှင့် အပင်ကောင်းလာပါလိုက်မယ်

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ လ က

ထုံးဓာတ်များတဲ့မြေတွေမှာ၊pHမြင့်တတ်ပါတယ်။feသံဓာတ် ချို့တဲ့နိုင်ပါတယ်။ဒါကြောင့် အရွက်ဝါတာပါ။သံဓါတ်ပါသော ရွက်ဖျန်းအားဆေးဖျန်းပေးပါ။အမိုနီယံဆာလဖိတ် ကို မိုးရွာရင်ကျွေးပေးပါ။ အမိုင်နိုအားဆေး ဖျန်းနိုင်ပါတယ်။

348,957 လွန်ခဲ့သော ၃ လ က

အသက် (၂၆) ရက်သား မြေပဲခင်းသည် ထုံးကျောက်မြေ၏ သဘာဝအရ မြေကြီးထဲတွင် ဖော့စ်ပရပ်စ်၊ သံဓာတ်နှင့် ဇင့်ဓာတ်များကို ထိန်းချုပ်ထားတတ်သဖြင့် အပင်များ ကြီးထွားမှု မညီမညာဖြစ်ပြီး အချို့အပင်များ အရွက်ဝါပြီး အပင်ပုနေခြင်း ဖြစ်ပါတယ်။ ယခုအချိန်သည် ပန်းပွင့်ရန် ပြင်ဆင်နေသည့် အချိန်ဖြစ်သောကြောင့် အပင်ရွက်ဖျန်း NPK မြေဩဇာနှင့် အနည်းလိုအာဟာရဓာတ်ရွက်ဖျန်းအားဆေး (အထူးသဖြင့် သံဓာတ်၊ ဇင့်ဓာတ်) တို့ကို အမိုင်နိုအက်ဆစ် သို့မဟုတ် ဟူးမစ်အက်စစ်တို့နှင့် ရွက်ဖျန်းအားဆေး တစ်မျိုးမျိုးဖြင့်ရောစပ်၍ အရွက်များပေါ်သို့ ၅ ရက်မှ ၇ ရက်ခြားတစ်ကြိမ်၊ ၂ ကြိမ်မှ ၃ ကြိမ်ခန့် အမြန်ဆုံး ပက်ဖျန်းပေးရပါမယ်။ ထို့ပြင် မြေပဲစွယ်ဆင်းချိန်တွင် ဥအောင်စေရန် ဂျစ်ပဆမ်မှုန့် ထည့်ပေးခြင်းနှင့် အပင်ခြေမြေမွအောင် ကြားလိုက်ဘောင်တင်ခြင်းတို့ကို ပြုလုပ်ပေးရပါမယ်။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။