အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
290
လွန်ခဲ့သော ၃ လ က · ယင်းမာပင်

ပုံပါအပင်ကတစ်ပင်လုံးဖြူနေတာက ဘယ်လိုကြောင့်ပါလဲ အပင်တိုင်းတော့မရှိသေးပါ စပါးပျိုးသက်(၁၀)ရက်ရှိပါပြီ ရေကိုတော့...

ပုံပါအပင်ကတစ်ပင်လုံးဖြူနေတာက ဘယ်လိုကြောင့်ပါလဲ အပင်တိုင်းတော့မရှိသေးပါ စပါးပျိုးသက်(၁၀)ရက်ရှိပါပြီ ရေကိုတော့တစ်ရက်ကို တစ်ကြိမ်ပဲပေးပါတယ် ဘာတွေလိုအပ်ပါသလဲ ဘယ်လိုတွေလုပ်ဆောင်သင့်ပါသလဲဆရာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၀ ရက်
အပင်အာဟာရ စပါး
Post image

ဖြေကြားချက် ၃ ခု

382 လွန်ခဲ့သော ၃ လ က

BAGမှထုတ်တဲ့(ရွှေပင်လယ်ငါးအမိုင်+အီးအမ်)ဖျန်းပါ BAGမှထုတ်တဲ့ပိုမိုကျွေးပါရှင့်

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၃ လ က

ထွန်းလာတဲ့စပါးမျိုးစေ့ပါchlorophyl လို့ခေါ်တဲ့ဲ့အစိန်းရောင်ချယ်ဆေးမပါလို့နာ်းပိုင်းသေသွာမှပါ

349,542 လွန်ခဲ့သော ၃ လ က

အသက် (၁၀) ရက်သား စပါးပျိုးပင်လေးများ ဝါဖျော့နေရခြင်းသည် နိုက်ထရိုဂျင် အာဟာရဓာတ် လိုအပ်ခြင်း၊ ပျိုးဘောင် ခြောက်သွေ့လွန်းခြင်း သို့မဟုတ် ရေဝပ်လွန်းခြင်း စသည့် ရေစီမံခန့်ခွဲမှု အားနည်းခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ထို့အပြင် မြေဆီလွှာ pH မြင့်မားခြင်းကြောင့် ဖြစ်တတ်သော သံဓာတ် (Iron) ချို့တဲ့ခြင်း သို့မဟုတ် စပါးမျိုးစေ့၏ ဗီဇဖောက်ပြန်မှုကြောင့် ကလိုရိုဖီးမထုတ်နိုင်သည့် မျိုးထွန်းခြင်း (Albino) ကြောင့်လည်း ဖြစ်နိုင်ပါသည်။ ၎င်းကို ကုသရန်အတွက် ပျိုးဘောင် အစိုဓာတ်ကို မှန်မှန်ထိန်းပေးခြင်း၊ ယူရီးယား မြေဩဇာ သို့မဟုတ် သံဓာတ်နှင့် အမိုင်နိုအက်ဆစ် ပါဝင်သော ရွက်ဖျန်းမြေဩဇာများကို ပက်ဖျန်းပေးခြင်းဖြင့် ပြန်လည်ကုသနိုင်ပါတယ်ခင်ဗျာ။

You

ဆက်စပ်မေးခွန်းများ

စပါးပင် 1လသားအရွယ်မှာ စပါးခွံဖွဲးပြာပက်ပေးလိုအဆင်ပြေလားသိချင်ပါတယ်

ဖြေကြားချက် 4 ခု

ပုလဲမြေသြဇာကိုဆိတ်ချေးနဲရောပီးစပါးခင်းထဲပက်ရင်အဆင်ပြေမလာသိချင်ပါတယ်

ဖြေကြားချက် 3 ခု

ခရုဘုရင်ကို စပါးမျိုးစေ့နဲ့ရောကြဲလို့အဆင်ပြေမလားဆရာ တကယ်လို့ကြဲလို့ရတယ်ဆိုရင် ဘယ်လိုနှုန်းထားနဲ့ရောကြဲသင့်ပါသ...

ဖြေကြားချက် 1 ခု

စပါးပျိုးခင်းပါ (၁၀)ရက်သားရပါပြီ ပုံထဲကအတိုင်းဖြစ်နေလို့ပါ ရေပေးတာကတော့ တစ်ရက်ကိုနံနက်ခင်းတစ်ကြိမ်ပဲပေးပါတယ်...

ဖြေကြားချက် 5 ခု

လယ်တစ်ဧက ကိုအုတ်ဖွဲပြာဘယ်လောက်နှုန်းထားထည့်သင့်ပါသလဲခင်ဗျ ပိုတက်ဓာတ်မြေဩဇာ50kgတစ်အိတ်က အုတ်ဖွဲပြာ ဘယ်လောက်...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။