အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
စည်သူ
လွန်ခဲ့သော ၃ လ က · သာစည်

သံပုရာပင် ပုံထဲကအတိုင်း အရွက်ဝါနေလို့ပါ ပိုးလားရောဂါလား ဘာဆေးသုံးရမလဲ သိချင်လို့ပါ။ပျိုးထုပ်ထဲကချစိုက်တာတစ်လနီးပါးရှိပါပြီ။ပိုးသတ်ဆေး၂ခါမှိုဆေး၁ခါဖြန်းပြီးပါပြီ။ကျေးဇူးပြုပြီးဖြေပေးပါအုံး။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၁ ရက်
ပိုးမွှားရောဂါ သံပုရာ
Post image
Post image

ဖြေကြားချက် ၄ ခု

Aung Win Aye
Aung Win Aye 443 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

အပင်မှာ အရွက်အများစု အဝါရောင်ပြောင်းနေပြီး (chlorosis)၊ အရွက်သစ်အနည်းငယ်သာ စိမ်းနေပါတယ်။ ဒီလိုလက္ခဏာက အများအားဖြင့်— အမြစ်ထိခိုက်ခြင်း (ရေဝပ်၊ အမြစ်ပုပ်) အာဟာရချို့တဲ့ခြင်း (အထူးသဖြင့် နိုက်ထရိုဂျင် N သို့မဟုတ် သံဓာတ် Fe) မြေဆီလွှာ pH မသင့်ခြင်း တို့ကြောင့် ဖြစ်တတ်ပါတယ်။ ပုံအရ အရင်လုပ်သင့်တာ အပင်ပတ်လည် ပေါင်းမြက်ရှင်းပါ။ ရေဝပ်နေပါက ရေစီးရေလာကောင်းအောင် လုပ်ပါ။ NPK 15-15-15 သို့မဟုတ် 16-16-8 ကို အပင်တစ်ပင်လျှင် 30–50 ဂရမ် ခန့် အပင်နှင့် 20–30 စင်တီမီတာအကွာတွင် ဖြန့်ပြီး ရေလောင်းပါ။ သံဓာတ် (Chelated Iron/Fe-EDTA) ပါတဲ့ ရွက်ဖျန်းဆေးကို ညွှန်ကြားချက်အတိုင်း ဖျန်းနိုင်ပါတယ်။ ဖန်းဂတ်စ်ရောဂါ သံသယရှိရင် အမြစ်ပုပ်သံသယရှိပါက Metalaxyl + Mancozeb ပါသော ဖန်းဂတ်စ်ဆေးကို ညွှန်ကြားချက်အတိုင်း မြေဆေးလောင်းနိုင်ပါတယ်။

သော်ဇင်
သော်ဇင် 353,563 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

ပုံပါ သံပုရာပျိုးပင်လေးတွင် တစ်ပင်လုံးရှိ အရွက်များ အဝါရောင်ပြောင်းလဲနေခြင်း (Chlorosis) မှာ ပိုးမွှားရောဂါထက် အာဟာရဓာတ် ချို့တဲ့ခြင်း (အထူးသဖြင့် နိုက်ထရိုဂျင်၊ သံဓာတ် သို့မဟုတ် မဂ္ဂနီဆီယမ်) နှင့် မြေဆီလွှာတွင် ရေဝပ်၍ အမြစ်များ အောက်ဆီဂျင်မရခြင်း ကြောင့် ဖြစ်နိုင်ခြေ အရှိဆုံး ဖြစ်ပါသည်။ လက်ရှိတွင် ကိုက်ဖြတ်ထားသည့် ဖျက်ပိုးလက္ခဏာ မတွေ့ရသေးသဖြင့် ပိုးသတ်ဆေး အလောတကြီး မသုံးစွဲသင့်ဘဲ အပင်ခြေ ရေမဝပ်စေရန် ရေနုတ်မြောင်းဖော်ပေးခြင်း၊ မြေဆွပေးခြင်းနှင့် ယူရီးယား သို့မဟုတ် အနည်းလိုအဟာရရွက်ဖျန်းအားဆေးများ ကဲ့သို့သော အပင်အာဟာရ ဖြည့်တင်းပေးခြင်းများကို ဦးစားပေး လုပ်ဆောင်ပေးရပါမည်။ နောင်တွင် အရွက်များပေါ်၌ အဝါရောင်အနားရစ်ပါသော အညိုရောင်အနာဖုများ တွေ့ရှိလာမှသာ ရှောက်သံပုရာ ကင်ကာ (Canker) ဘက်တီးရီးယားရောဂါအတွက် ကော့ပါးမှိုသတ်ဆေးကို သုံးစွဲရပါမယ်ခင်ဗျာ။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,618 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

ပိုးမဟုတ်၊ရောဂါမဟုတ်၊အစိုဓာတ်များပြီး၊အမြစ်နာနေလို့ပါ။အာဟာရချို့တဲ့လက္ခဏာပါ။ အပင်ခြေက ပေါင်းမြက်တွေရှင်းပါ။အပင်ခြေပုံထားတဲ့မြေထဲမှာ မဆွေးသေးတဲ့ မြင်ခေ့ါင်းတွေ ပါနေပါတယ်။အပင်ကိုအပူလောင်စေပါတယ်။ဖယ်ပေးပါ။ဂျစ်ဆန်နဲ့ မြေဆွေးမှုန့်+ပြာ ထည့်ပါ။

စည်သူ
စည်သူ 90 လွန်ခဲ့သော ၃ လ က

ကျေးဇူးပါ။စပါးခွံတွေထည့်ထားလို့ထင်တယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။