အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
306
လွန်ခဲ့သော ၃ လ က · ပုဗ္ဗသီရိ

သခွားရွက်တေဝါနေလို့အကြံပေးပါအုံးဆရာတို့ရှင့်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၄၀ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
မိုးရွာ
စိုက်ပျိုးနည်း သခွား
Post image

ဖြေကြားချက် ၂ ခု

348,307 လွန်ခဲ့သော ၂ လ က

သခွားဘက်တီးရီးယားရွက်ပြောက်ရောဂါသည် မိုးရွာသွန်းမှုနှင့် စိုထိုင်းဆများချိန်တွင် အလွန်လျှင်မြန်စွာ ကူးစက်တတ်သဖြင့် နှိမ်နင်းရန်အတွက် ကော့ပါးအောက်စီကလိုရိုက် (Copper Oxychloride) သို့မဟုတ် ကတ်ဆူဂါမိုင်စင် (Kasugamycin) ပါဝင်သော ဘက်တီးရီးယားသတ်ဆေးကို ၇ ရက်တစ်ကြိမ် စနစ်တကျ ပက်ဖျန်းပေးရပါမည်။ ဆေးဖျန်းရာတွင် အရွက်များ ခြောက်သွေ့နေချိန်မှသာ ဖျန်းရမည်ဖြစ်ပြီး၊ ရောဂါရနေသော အရွက်ဟောင်းများကို ဆွတ်ခတ်၍ စိုက်ခင်းပြင်ပ၌ မီးရှို့ဖျက်ဆီးပစ်ရန် လိုအပ်ပါသည်။ ထို့ပြင် ရောဂါကျရောက်နေစဉ်အတွင်း အပင်နုပြီး ရောဂါပိုမိုဆိုးရွားစေနိုင်သော ယူရီးယား (နိုက်ထရိုဂျင်) မြေဩဇာ ကျွေးခြင်းကို ခေတ္တရပ်ဆိုင်းထားရပါမည်။ မိမိဝယ်ယူထားသော ဆေးဘူးပါ အညွှန်းစာကိုလည်း မဖျန်းမီ သေချာစွာ ထပ်မံစစ်ဆေးဖတ်ရှုပေးပါ။

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ လ က

မိုးများပြီး နေအပွင့်မှာဖြစ်တတ်တဲ့ ဘက်တီးရီးယား ရွက်ပြောက်ရောဂါလို့ယူဆပါတယ်။အပင် အားတိတ်ပြီး အသီးအကျနည်းတတ်ပါတယ်။ bismerthiazol +ကော့ပါး ဖျန်းပါ။ပြီးမှ မြေဩဇာကျွေး၊အားဆေးဖျန်းပါ။

You

ဆက်စပ်မေးခွန်းများ

ဆရာတို့ရှင့်သွားပွင့်နဲ့အသီးကင်းလေးတွေကိုငှက်တွေကိုက်ဖြတ်စားသောက်နေလို့ဘယ်လိုကာကွယ်လို့ရလဲရှင့်ကူညီပြီးအကြံလေး...

ဖြေကြားချက် 3 ခု

ပုံပါသခွားပင်ရဲ့ ရောဂါနဲ့ ဖျန်းရမဲ့ ဆေးလေး ညွန်းပေးကြပါအုံး အပင်သက်တမ်းက ချစိုက်ရက် ၂၈ရက်သားရှိပါပြီ ရောဂါကူ...

ဖြေကြားချက် 3 ခု

သခွားနဲ့ ပဲတောင်ရှည်အတွက် သဘာပိုးသတ်ဆေးလေးညွှန်ပေးပါဆရာတို့ရှင့် စိုက်ပီး၁၇ ရက်သားလောက်ပါ

ဖြေကြားချက် 2 ခု

သခွါးပင် နွမ်းပီးသေကုန်တယ်ခင်ဗျ။နှုတ်ကြည့်တော့အမြစ်ခြောက်ပီးပုတ်နေတယ်။ဒီဆေးဖြန်းထားတာတော့၃ရက်ရှိပီ

ဖြေကြားချက် 3 ခု

မြုပ်သခွားဒီရှေ့လျောက် စျေးကောင်းနိုင်ချေရှိဘား

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။