နှမ်းခင်းထဲမှာပုံထဲကအတိုင်းဖြစ်နေလို့ဘာဆေးသုံးရမလဲသိချင်ပါတယ်
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၂၈ ရက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- နေသာ
ပုံပါနှမ်းရွက်တွင် ပျပိုး (Aphids) ကဲ့သို့သော စုပ်စားပိုးများ အုပ်စုလိုက်ကျရောက်ပြီး အရည်စုပ်စားမှုကြောင့် အရွက်များ လိပ်ကုပ်တွန့်ရှုံ့နေခြင်း ဖြစ်ပါသည်။ ဤပိုးမွှားများသည် နှမ်းခင်းတွင် အထွက်နှုန်းကျဆင်းစေရုံသာမက ဆိုးရွားသော နှမ်းဖိုရောဂါကိုပါ သယ်ဆောင်လာနိုင်သဖြင့် အရေးပေါ်နှိမ်နင်းရန် လိုအပ်ပါသည်။ အမြန်ဆုံးသက်သာစေရန် အီမီဒါကလိုပရစ် (Imidacloprid) ၊ပရိုဖီနိုဖော့စ် (Profenofos)ကဲ့သို့သော ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုးကို အရွက်အောက်မျက်နှာပြင်များပါ အနှံ့အပြား ရောက်ရှိအောင် စနစ်တကျ ပက်ဖျန်းပေးရပါမယ်ခင်ဗျာ။
ပျတွေကျနေတာပါ။ အဆီတ မီပရစ် ကို ဆေးတပုံး၂၀စီစီနုန်းဖျန်းပါ။ သို့မဟုတ်thaimethoxan+lambda ဆေးတပုံး ၃၀စီစီဖျန်းပါ။ (ဒို့ဦးလေး အဖြေ)
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နှမ်းခင်းထဲမှာပုံထဲကအတိုင်းဖြစ်နေလို့ဘာဆေးသုံးရမလဲသိချင်ပါတယ်
ဖြေကြားချက် 2 ခု
နှမ်းခင်းထဲမှာပုံထဲကအတိုင်းဖြစ်နေလို့ဘာဆေးသုံးရမလဲသိချင်ပါတယ်
ဖြေကြားချက် 2 ခု
နှမ်းခင်းမှာပုံထဲကအတိုင်းဖြစ်နေလို့ဘာဆေးသုံးရမလဲသိချင်ပါတယ်
ဖြေကြားချက် 1 ခု
နှမ်းခင်းကအပွင့်ပွင့်တော့မယ်နွားသေးကိုဘယ်လောက်ထည့်ဖြန်းသင့်လဲ ဘယ်နှစ်ရက်ခြားပြီးဖြန်းသင့်လဲသိချင်ပါတယ်
ဖြေကြားချက် 2 ခု
နှမ်းအပင်သက်တမ်းဘယ်နှစ်ရက်သားလောက်အထိနွားသေးဖြန်းလို့ရလဲ နွားသေးကိုဘယ်နှစ်ရက်ခြားpဖြန်းသင့်လဲသိချင်ပါတယ်
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။