အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Sawdohhtoo
Sawdohhtoo 724
လွန်ခဲ့သော ၂ လ က · မြိတ်

ဒူးရင်းပင်စိုက်ထားတာ တစ်နှစ်ပြည့်နေပီ စိုက်ကတည်းကအပင်ဟာအခုထိ ဒီအတိုင်းပဲရှိသေးတယ် သေလည်းမသေသွားဘူး ကြီးလည်းမကြီးလာဘူး ဘာဖြစ်တာလဲ အစာ ၂၅:၇:၇ ကြွေးတယ် ၂ ကြိမ် ဘာမှမထူးလာဘူး အဲဒါဘာဖြစ်တာလဲ သိရင် ရှင်းပြပါဦး ဆရာတို့

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁ နှစ်
အပင်အာဟာရ ဒူးရင်းသီး
Post image
Post image
Post image
1

ဖြေကြားချက် ၁ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,595 လွန်ခဲ့သော ၂ လ က

အမြစ်သစ်အထွက်နိုင်လို့၊အရွက်သစ်မထွက်နိုင်တာပါ။ အရွက်သစ်မထွက်နိုင်တော့၊အပင်မတက်တော့ဘူးပေါ့။ ရေတိုင်နောက်ဆုတ်ပါ။အပင်ခြေတဝိုက်တပေပတ်လည် မြေတွေဖယ်ထုတ်ပြီး၊သဘာဝမြေဆွေးနဲ့ ကေ-ဟူးမစ် တထုပ်ရောပြီး အပင်ခြေပုံပေးပါ။(အမြစ်သစ်ထွက်အောင်ပြုလုပ်ပါ။)အညွန့်သစ် မထွက်သေးပဲ၊ဓာတ်မြေဩဇာမကျွေးပါနဲ့။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဧရာဝတီတိုင်းကန်ကြီးထောင့်မြို့မှာဒူးရင်းပင်စိုက်လို့အဆင်ပြေပါ့မလားဗျ

ဖြေကြားချက် 1 ခု

em ရယ် ငါးအမိုင်နိုအက်ဆစ်ရယ် ကြက်ဥုအခွံရှာလကာရည်စိမ်ရယ် အပင်အတွက်အားလုံးရောပီးဖျန်းလို့ရနိုင်မလားခင်ဗျာ။ကျေး...

ဖြေကြားချက် 3 ခု

ဒူရင်းပင်စစိုက်ခါစမှာဒီလိုအပေါက်လေးတွေပေါက်နေတာအရွှက်နုတွေမှာရောအရွှက်ရင့်မှာပါပေါက်နေတာဘာ‌အကောင့်ကြောင့်ဘာဆေး...

ဖြေကြားချက် 2 ခု

ဒူးရင်းပင်အရွက်ကအဝါရောင်အစက်ကလေးတွေတက်နေတာ ဘာဖြစ်တာလဲ ဘာပြန်လုပ်ပေးရမလဲ လောလောဆယ် ဘာဆေးမှမဖျန်းထားသေးဘူး ဆရာသ...

ဖြေကြားချက် 2 ခု

အစက်ချပိုက်မှာ ရေဖျန်းအပေါက်တွေကနဂိုပါပြီးသားတွေလား လိုချင်တဲ့နေရာမှာဖောက်ရတာလား ဘယ်လိုနေရာမျိုးတွေမှာဝယ်ယူ...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။