အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
20
လွန်ခဲ့သော ၂ လ က · သဲကုန်း

အဖြေရှာရခတ်လို့ ပိုစ့်တင်ပြီးမေးရခြင်းဖြစ်ပါတယ်ခဗျာ🙏 ပုံပါ မြေပဲပင်သည် နှမ်းခင်းထဲက အလေ့ကျပေါက်ပင်ဖြစ်ပါတယ်...

အဖြေရှာရခတ်လို့ ပိုစ့်တင်ပြီးမေးရခြင်းဖြစ်ပါတယ်ခဗျာ🙏 ပုံပါ မြေပဲပင်သည် နှမ်းခင်းထဲက အလေ့ကျပေါက်ပင်ဖြစ်ပါတယ် နှမ်းစ မကြဲခင် အာမို 15 ပတ်လည် အချိန် ၁၀ မြေခံထည့်ပီး နှမ်းပေါက်ပီး ၁ လသားအရွယ်တွင် ရွှေကောမတ် ၁၅ ပိဿာ ပတ်ပါတယ် နှမ်းလည်းကောင်းသလို အလေ့ကျ မြေပဲ အပင်တိုင်း အပင်ကောင်းပီး ပုံပါအတိုင်း အရမ်းဥနေပါတယ် မြေပဲသီးသန့်စိုက်တဲ့ အခင်းကျ ဘိုကာရှီမြေဩဇာ ၅ အိတ်ခံပီး ဂျစ်ဆမ်ကျောက်မှုန့် ၅လုံးပတ်ပါတယ် ၁ ဧကစာပါ သိချင်တာက သီးသန့်စိုက်ပီး ပြု့စုတဲ့မြေပဲခင်း မြေပဲက နှမ်းခင်းထဲက အလေ့ကျပေါက်တဲ့ အပင် ဥ အစွယ် လောက်ထိ မဥဘူးမကောင်းဘူးဖြစ်နေတယ် ဆရာကြီးများခဗျာ အာမို 15ပတ်လည် ရွှေကောမတ် ကို မြေနဲ့ ပြေပဲ ကြိုက်တာလား သိချင်ပါတယ် ဆရာကြီးများခဗျာ သေချာလေးဖြေပေးကြပါဦးခဗျ🙏

စိုက်ပျိုးနည်း မြေပဲ

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 218,453 လွန်ခဲ့သော ၂ လ က

အာမို၁၅ ရရွျေကောမက်၁၅ ကသာကဘိုကာရှီနဲ့gypsum ထက်လိုအပ်တဲ့အာဟာရကအများကြီးပိုလို့ပါ

အတည်ပြုပြီး 1,116,062 လွန်ခဲ့သော ၂ လ က

အဓိက ကွာခြားချက်က၊အာဟာရတန်ဖိုး မတူလို့ပါ။ NPK ၁၅:၁၅:၁၅+၂၀:၁၂:၁၂ အချိုးက မြေပဲပင်အတွက် ချက်ချင်းစားနိုင်ပြီး၊လုံလောက်တဲ့ အပင်အာဟာရဖြစ်စေပါတယ်။ ဘိုကာရှီ+ဂျစ်ဆန်က အပင်ထက် မြေကြီးကို ကျွေးတဲ့ အစာဖြစ်လို့ ဓာတုမြေဩဇာလို ချက်ချင်းမစားနိုင်ပါဘူး။ရေရှည်အတွက် မြေမပျက်အောင်ထိန်းပေးရုံ အဆင့်ပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။