ဖြေကြားချက် ၃ ခု
FFJ အသီးပွင့်အားဆေး ပြုလုပ်နည်း လိုအပ်သောပစ္စည်း မှည့်နေသော အသီး (ငှက်ပျော၊ သင်္ဘော၊ သရက်၊ ဖရဲ၊ နာနတ် စသည်) – ၁ ကီလို ထန်းလျက် (သို့) သကြားညို – ၁ ကီလို (အသီးနှင့် အလေးချိန်တူ) ပြုလုပ်ပုံ အသီးကို ရေမဆေးဘဲ (အညစ်အကြေးသာ သုတ်ပေးပြီး) အတုံးသေးသေးလှီးပါ။ အသီးနှင့် ထန်းလျက်ကို ၁:၁ အချိုးဖြင့် ရောမွှေပါ။ ဖန်ပုလင်း (သို့) အစားအစာသုံး ပလတ်စတစ်ပုံးထဲ ထည့်ပါ။ ပုံးကို ၂/၃ ခန့်သာ ဖြည့်ပြီး အဝတ်ဖြင့် အုပ်ထားပါ။ အရိပ်ရ၊ အေးသောနေရာတွင် ၅–၇ ရက် ခန့်ထားပါ။ အရည်ထွက်လာလျှင် စစ်ယူပြီး ပုလင်းထဲသိုလှောင်ပါ။ ဖျန်းနှုန်း (ရေ ၅ ဂါလံ = ၂၀ လီတာခန့်) FFJ 20–40 ml (၁–၂ ဇွန်းစားခန့်) ရေ ၂၀ လီတာနှင့် ရောဖျန်းပါ။ ဖျန်းချိန် အပွင့်မပွင့်မီ ၇–၁၀ ရက်အလို ပန်းစပွင့်ချိန် အသီးစတင်တင်ချိန် ဖျန်းနှုန်း ၇–၁၀ ရက်တစ်ကြိမ် ဖျန်းနိုင်သည်။ သတိပြုရန် နေပူချိန် မဖျန်းပါနှင့်။ မနက်စောစော သို့မဟုတ် ညနေပိုင်းတွင် ဖျန်းပါ။ FFJ တစ်မျိုးတည်းထက် FPJ (Fermented Plant Juice)၊ နွားသေး Jeevamrit သို့မဟုတ် LAB (Lactic Acid Bacteria) တို့နှင့် အလှည့်ကျအသုံးပြုပါက ပိုမိုကောင်းပါသည်။)
အသီးအပွင့် အားဆေးရည်ပါ ffjပါဆရာ ၅ဂါလံဆေးဖျန်းပုံးဆိုဘလောက်စီစီထည့်ရမလဲဆရြာကီး
ဘာအတွက် အင်ဇိုင်းလဲ ပြောပြပါဦး။ အင်ဇိုင်းတွေက သက်ရှိတိုင်းမှာ ရှိနေလို့လေ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နှမ်းနက်ဘယ်ဈေးပေါက်နေပြီလဲဗျ
ဖြေကြားချက် 0 ခု
70ရက်သား ကာကွယ်ကုသလို့ရလား
ဖြေကြားချက် 3 ခု
ပိုတက်စီယမ်နိုက်ထရိတ်ကိုဆီထွက်သီးနှံတွေမှာရွက်ဖျန်းအားဆေးအဖြစ်အသုံးပြုလို့ရပါသလားခင်ဗျာ အသုံးပြုပုံနည်းလမ်းလေး...
ဖြေကြားချက် 1 ခု
ဆရာကြီးbotinical plant foliarကို သီးနှံမျိုးစုံအတွက်သုံးရပါသလားဆရာ fish amino နဲ့တွဲသုံးရပါသလား
ဖြေကြားချက် 3 ခု
ဆရာ တဖြုတ်ဖြုတ် ဖြန်းထားတယ် 12ရက်တော့ရှိပြီ ယခုလိုဖြစ်နေလို့
ဖြေကြားချက် 2 ခု