ဖြေကြားချက် ၁ ခု
မကွေးတိုင်း၊ မြိုင်မြို့နယ်အရှေ့ခြမ်းဒေသသည် မိုး လေဝသအခြေအနေများအရ ဇူလိုင်လ ဒုတိယပတ်နှင့် တတိယပတ်အတွင်း မိုးတိမ်တိုက်များ ဖြစ်ထွန်းပြီး နေရာကွက်ကျား မိုးခြိမ်းရွာသွန်းရန် ရာခိုင်နှုန်း မြင့်မားနေပါတယ်။ ထို့ကြောင့် မိုးစပါးအတွက် ပျိုးစတင်ထောင်နိုင်ပါတယ်။ သို့သော် အပူပိုင်းဒေသ၏ သဘာဝအရ မိုးရွာသွန်းမှု မမှန်ခြင်းနှင့် ရုတ်တရက် မိုးသည်းထန်ခြင်းတို့ ရှိနိုင်ပါတယ်။ အကယ်၍ မိမိတွင် ဖြည့်စွက်ရေသွင်းနိုင်သည့် စနစ် (အဝီစိတွင်း/ရေကန်) ရှိပါက မိုးရွာသွန်းမှုကို ပိုမိုစိတ်ချစွာ စောင့်ဆိုင်းရင်း ယခုပင် ပျိုးခင်းလုပ်ငန်းကို အမြန်ဆုံး စတင်သင့်ပါတယ်ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပါးတစ်ခင်းလုံး အောက်ခြေကနေအပေါအနှံဖျားထိ လုံးနေတာပါခင်ဗျာ ပိုးလား ရောဂါလား သိချင်လိ့ုပါခင်ဗျ။
ဖြေကြားချက် 2 ခု
စပါးပင်တစ်ပင်လုံးရှည်ပြီးလုံးနေတာပါခင်ဗျာ။
ဖြေကြားချက် 1 ခု
ရက် 90စပါးဘယ်ရက်မှာပင်စပွါးလဲ၊ဘယ်ရက်မှာမှို့စကပ်လဲ
ဖြေကြားချက် 1 ခု
စပါးအစိုကျဲခင်း၃ရက်သားပေါင်းအုပ်ဆေးပတ်လို့အဆင်ပြေပြီလားခဗျတချို့ကစပါးအပင်မပေါက်ခင်ပတ်ရင်စပါးအပင်ပေါက်ပါးတယ်...
ဖြေကြားချက် 4 ခု
စပါးအစိုကြဲခင်းကိုဘယ်နှစ်ရက်သားကစပြီး၁ဧကကိုဆေးဘယ်နှစ်ပြည်ကျွေးသင့်လဲခဗျရက်၂၀သားလောက်ကို၁၅ပတ်လည်ဖြစ်ဖြစ်ပုလဲ...
ဖြေကြားချက် 2 ခု