အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
9,469
လွန်ခဲ့သော ၂ လ က · ကျောင်းကုန်း

တစ်ခုလောက်မေးခွင့်ပြုပါဆရာတို့50ကိီလိုမြေဆီတစ်အိတ်မှာနိုက်ထရိုဂျင်46သီးသန့်နဲ့နိုက်ထရိုဂျင်နဲ့အ‌ဆာလ်ဖာပါတဲ့မြေ...

‌တစ်ခုလောက်မေးခွင့်ပြုပါဆရာတို့50ကိီလိုမြေဆီတစ်အိတ်မှာနိုက်ထရိုဂျင်46သီးသန့်နဲ့နိုက်ထရိုဂျင်နဲ့အ‌ဆာလ်ဖာပါတဲ့မြေဆီအရောနဲ့ကဘယ်မြေဆီကစပါးအတွက်ပိုသင့်တော်ပါသလဲဆရာဖြေပေးကြပါအုံး

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၃၆ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
နေရာကွက်ကျားမိုးရွာ
အပင်အာဟာရ စပါး

ဖြေကြားချက် ၃ ခု

9,469 လွန်ခဲ့သော ၂ လ က

ကျေးဇူပါဆရာ

348,957 လွန်ခဲ့သော ၂ လ က

ယူရီးယား (Urea 46%) သည် နိုက်ထရိုဂျင်ဓာတ် အလွန်မြင့်မားစွာ ပါဝင်ပြီး အပင်ပိုင်းဆိုင်ရာ လျင်မြန်စွာ ကြီးထွားစိမ်းလန်းစေရန် အဓိက ကူညီပေးသော်လည်း ကန့် (ဆာလ်ဖာ) ဓာတ် မပါဝင်ပါဘူး။ ဆာလ်ဖာပုလဲ (N21:S24) တွင် နိုက်ထရိုဂျင် 21% နှင့်အတူ စပါးပင် အမြစ်သန်မာစေရန်၊ အပင်ပွားများစေရန်နှင့် အနှံအောင်စေရန် အရေးကြီးသော ကန့်ဓာတ် 24% ပါဝင်ပါသည်။ စပါးစိုက်ပျိုးရာတွင် တစ်မျိုးတည်းကိုသာ ရွေးချယ်ခြင်းထက် စပါးပင်သက်တမ်း အစောပိုင်း အပင်ပွားချိန်တွင် ဆာလ်ဖာပုလဲကို သုံးစွဲပြီး၊ အပင်ကြီးထွားချိန်နှင့် ဖုံးလုံးချိန်တို့တွင် ယူရီးယားကို အချိုးကျ မျှတစွာ အသုံးပြုခြင်းက အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်ခင်ဗျာ။

280 လွန်ခဲ့သော ၂ လ က

ဆာလ်ဖာ (ကန့်) ပါတာက ပိုကောင်းပါတယ်. ဆာလ်ဖာနဲ့နိုက်ရိုဂျင်(ပုလဲ)က Coating (အပေါ်ယံလွှာ ဖုံးအုပ်ခြင်း) စနစ်နဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ဒါကြောင့် နိုက်ထရိုဂျင်(ပုလဲဓါတ်) လေလွင့်ဆုံးရှုံးမှုကို နှေးစေပြီး အပင်ကရယူနိုင်အောင် လုပ်ပေးနိုင်တယ်. ဆာလ်ဖာ(ကန့်ဓါတ်)ကအပင်အရွက်ကိုပိုစိမ်းစေတယ်. စပါးပင်ရွက်နုဝါတာတွေကို သက်သာစေတယ်. တခုသတိထားရမှာက ကောင်းတယ်ဆိုပြီး နှစ်စဥ်ဆက်တိုက် မသုံးစေချင်ပါဘူး. ဆာလ်ဖာ(ကန့်)ကအနည်းလိုဓါတ်ဖြစ်ပြီး မြေကြီးထဲမှာ ပမာဏများလာရင် မြေကိုချဥ်စေပြီး စပါးပင်အမြစ်ဖွံ့ဖြိုးမှုကိုထိခိုက်စေနိုင်ပါတယ်.

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။