အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
382
လွန်ခဲ့သော ၂ လ က · မြောင်းမြ

ခုနောက်ပိုင်း 16 ပါတ်လည်ဓာတ်မြေဩဇာတွေရှာဝယ်လို့မရတော့ဘူး 16ပါတ်လည်ဓာတ်မြေဩဇာ အစား ဘာဆေးကျွေးရင်ရလဲဗျ ကျေးဇူး...

ခုနောက်ပိုင်း 16 ပါတ်လည်ဓာတ်မြေဩဇာတွေရှာဝယ်လို့မရတော့ဘူး 16ပါတ်လည်ဓာတ်မြေဩဇာ အစား ဘာဆေးကျွေးရင်ရလဲဗျ ကျေးဇူးပြု၍ ဖြေပေးပါအုန်းဗျား

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်အာဟာရ ကွမ်း

ဖြေကြားချက် ၃ ခု

348,307 လွန်ခဲ့သော ၂ လ က
ဤအဖြေဖြင့် ပြေလည်

ကွမ်းပင်အတွက် ၁၆ ပတ်လည် ကွန်ပေါင်းမြေသြဇာ (NPK 16:16:16) ကို အစားထိုးရန်အတွက် ပုလဲ (ယူရီးယား ၄၆%) ၁၇.၅ ကီလိုဂရမ်၊ တီစူပါ (TSP ၄၆%) ၁၇.၅ ကီလိုဂရမ်နှင့် ပိုတက်ရှ် (MOP ၆၀%) ၁၃.၅ ကီလိုဂရမ်တို့ကို သမအောင် ရောစပ်ပြီး ၅၀ ကီလိုဂရမ်စာ အိတ်တစ်အိတ်အချိုးအတိုင်း ကိုယ်တိုင်စပ်ယူ အသုံးပြုနိုင်ပါတယ်။ သို့မဟုတ်ပါက အနီးစပ်ဆုံးဖြစ်သော ၁၅ ပတ်လည် မြေသြဇာကို ဖြစ်စေ၊ အရွက်စားသီးနှံဖြစ်၍ နိုက်ထရိုဂျင်ပိုမိုပါဝင်သော ၁၆:၁၆:၈ သို့မဟုတ် ၂၀:၁၀:၁၀ မြေသြဇာများကို ဖြစ်စေ အစားထိုး သုံးစွဲနိုင်ပါတယ်။ အပင်အာဟာရ ပိုမိုစုံလင်ပြီး ရောဂါဒဏ်ခံနိုင်ရန် ဓာတ်မြေသြဇာနှင့်အတူ နွားချေးဆွေးကဲ့သို့ သဘာဝမြေဩဇာများကိုပါ ပေါင်းစပ်ကျွေးရန် လိုအပ်ပါတယ်ဗျ။

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၂ လ က
ဤအဖြေဖြင့် ပြေလည်

ယူရီးယား (Urea 46%)၊ တီစူပါ (TSP 46%) နှင့် ပိုတက်ရှ် (MOP 60%) တို့ကို ဝယ်ယူပြီး ကိုယ်တိုင် အချိုးကျစပ်၍ သုံးနိုင်ပါသည်။ ​16:16:16 (၁) အိတ်စာ (၅၀ ကီလိုဂရမ်) ရရှိရန် ပေါင်းစပ်ရမည့်အချိုး: ​ယူရီးယား (Urea): ၁၇.၅ ကီလိုဂရမ် ​တီစူပါ (TSP): ၁၇.၅ ကီလိုဂရမ် (သို့မဟုတ်) ​ပိုတက်ရှ် (MOP): ၁၃.၅ ကီလိုဂရမ် (သို့မဟုတ်) ၃မျိုးရောစပ်အသုံးပြုပါ။

452 လွန်ခဲ့သော ၂ လ က
ဤအဖြေဖြင့် ပြေလည်

ဝိစာရကဇီလီယန်16.16.16👍

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။