အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
23
လွန်ခဲ့သော ၂ လ က · ရွာငံ

စိုက်ပျိူးရေး တစ်ခု လုပ်ဆောင်တော့မယ်ဆိုရင် အဓိက အခြေခံ လိုအပ်ချက် ဖြစ်တဲ့ မြေကြီးပြူပြင်နည်းတို့ ပြီးတော့...

စိုက်ပျိူးရေး တစ်ခု လုပ်ဆောင်တော့မယ်ဆိုရင် အဓိက အခြေခံ လိုအပ်ချက် ဖြစ်တဲ့ မြေကြီးပြူပြင်နည်းတို့ ပြီးတော့ ပေါင်ဖော်၍ ပလပ်စတစ်အုပ်ပြီး စိုက်ပျိူး​ခြင်းတို့အဲဒီအကြောင်း အရာနှင့်ပတ်သက်ပြီး သိချင်ပါတယ်။ဆရာအပေါင်းတို့ ဖြေကြားပေးပါအုံးဗျ။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
ရာသီဥတု (တစ်ပတ်အတွင်း)
နေရာကွက်ကျားမိုးရွာ
စိုက်ပျိုးနည်း ခရမ်းသီး

ဖြေကြားချက် ၁ ခု

348,948 လွန်ခဲ့သော ၂ လ က

ခရမ်းချဉ်စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းရန် မြေဆီလွှာကို ၈ လက်မမှ ၁ ပေအနက်အထိ ထယ်ရေးနက်နက်ထိုးပြီး တစ်ဧကလျှင် နွားချေး (သို့) ကြက်ချေးဆွေး တန် ၂ မှ ၅ တန်ခန့်ကို ကွန်ပေါင်းဓာတ်မြေသြဇာများနှင့်အတူ မြေခံအဖြစ် ထည့်သွင်းရပါမယ်။ စိုက်ဘောင်ကို အကျယ် ၃ ပေမှ ၃ ပေခွဲ၊ အမြင့် ၈ လက်မမှ ၁ ပေခန့်အထိ ဖော်ပေးရမည်ဖြစ်ပြီး ရေဝပ်၍ ဘက်တီးရီးယားပင်ညိုးရောဂါမဖြစ်စေရန် ရေထုတ်မြောင်းကို ဘောင်ထက်နက်အောင် တူးရပါမယ်။ ပလတ်စတစ်အုပ်စိုက်ပျိုးရာတွင် ပေါင်းမြက်နှင့် ပိုးမွှားဒဏ် ကာကွယ်နိုင်သည့် ငွေရောင်-အမည်းရောင် (Silver-Black) စိုက်ပျိုးရေးသုံးပလတ်စတစ်ကို စိုက်ဘောင်အစိုဓာတ်ရှိစဉ် အုပ်ပေးရပါမယ်။ ထို့နောက် တစ်ပင်နှင့်တစ်ပင် ၂ ပေ၊ တစ်တန်းနှင့်တစ်တန်း ၃ ပေအကွာတွင် အချင်း ၃ လက်မရှိ စိုက်ကျင်းများဖောက်ကာ ရက် ၂၀ သားရှိ ပျိုးပင်များကို ရွှေ့ပြောင်းစိုက်ပျိုးရပါမယ်ခင်ဗျာ။

You

ဆက်စပ်မေးခွန်းများ

ခရမ်းတခင်းလုံး အရွက်ဝါကြားဖြစ်နေလို့ပါ ဘာရောဂါကျတာလဲဗျ ဖျန်းရမယ့်ဆေးလေး ညွှန်းပေးပါအုံး လေးပုံမြောက်ကအရွက်​တွေ...

ဖြေကြားချက် 3 ခု

အရွက်တွေ ဒီလိုဖြစ်နေတယ်ဗျ။ဘာရောဂါလဲ။ #ခရမ်း🍆

ဖြေကြားချက် 2 ခု

ပုံပါ အရွက်သီးသန့်ရိုက်ထားတဲ့ပုံမှာပိုးကောင်လေးတွေတော့ တွေ့တယ် အပင်တချို့မှာ အရွက်ပေါ် အဝိုင်းကွက်လေးတွေခြောက်...

ဖြေကြားချက် 4 ခု

ပုံထဲကလိုအရွက်တွန့်တာအရွက်နူဝာာလားမသိဘူးအဲ့ဒါကဆေးဖျန်းကုသလို့ရလားဗျတစ်ချို့ခရမ်းသီးစိူက်တဲ့သူတေကကုလို့မရဘူး...

ဖြေကြားချက် 3 ခု

မုန့်ဖုတ်ဆိုဒါစိုက်ပျိုးရေးမှာအသုံးဝင်ပုံလေးစိုက်ပညာရှင်းများဖြေကြားပေးပါ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။