ပျိုးခင်းရွက်ဖြူတွေ့နေလို့ပါဘယ်လိုဖြစ်သာလဲဗျ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၁၅ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အရွက်
စပါးပျိုးခင်းတွင် အရွက်များ ဖြူဖွေးနေသော အပင်လေးများ တွေ့ရခြင်းက စပါးမျိုးဗီဇပြောင်းလဲခြင်း (သို့မဟုတ်) မျိုးထွန်းခြင်း(Albino Rice Seedling Mutation) ကြောင့် ဖြစ်ပါတယ်။ ပေါ်ဆန်းဘေးကြား ကဲ့သို့သော ရာသီဒေသစပါးမျိုးများကို မျိုးစေ့မလဲဘဲ နှစ်ရှည်ဆက်တိုက် စိုက်ပျိုးလာပါက မျိုးရိုးဗီဇမငြိမ်တော့ဘဲ အပင်အတွက် အရေးကြီးသည့် ကလိုရိုလ်ဖီးလ်(Chlorophyll) မထုတ်လုပ်နိုင်တော့သည့် အားနည်းချက် ဖြစ်ပေါ်လာတတ်ပါတယ်။ ဤအရွက်ဖြူအပင်များသည် နေရောင်ခြည်မှတစ်ဆင့် အစာချက်လုပ်ခြင်း မလုပ်ဆောင်နိုင်သဖြင့် မျိုးစေ့ထဲရှိ အာဟာရကုန်ဆုံးသည်နှင့် အလိုအလျောက် ဆက်လက်ရှင်သန်နိုင်စွမ်းမရှိဘဲ ညှိုးနွမ်းသေဆုံးသွားတတ်ပါတယ်။ ထို့ကြောင့် ကောက်စိုက်သည့်အခါ ဤအပင်များကို သေချာဖယ်ထုတ်ပယ်ဖျက်ရမည်ဖြစ်ပြီး၊ နောင်ရာသီတွင် အရည်အသွေး ကောင်းမွန်သော မျိုးကောင်းမျိုးသန့် လဲလှယ်စိုက်ပျိုးရန် လိုအပ်ပါတယ်။တခါတလေလည်း သူ့ခုခံအားနဲ့သူပြန်လည် စိမ်းလန်းလာတတ်ပါတယ်၊စိုးရိမ်စရာမလိုပါဘူးဗျ။
ဆက်စပ်မေးခွန်းများ
Flubendiamide စပါးဆစ်ပိုးအတွက်ဖြန်းလို့ရပါသလားဗျ? ရွှေဘိုပေါ်ဆန်း
ဖြေကြားချက် 3 ခု
မြန်မာနိုင်ငံမှာ စိုက်ပျိုးမှုအများဆုံး စပါးမျိုးအမည်များ သိချင်လို့ပါရှင့် data ကြည့်လို့ရတဲ့ website ရှိရင်...
ဖြေကြားချက် 4 ခု
ပေါ်ဆန်းစပါးကြဲမှာပါ ပျိုးခင်းမှာခရုကိုက်မှာစိုးရိမ်လို့ပါ ဘယ်လိုကာကွယ်ရမလဲ လက်ဆယ်ကန်သင်းလုပ်တာ အခုကတည်းကခရု...
ဖြေကြားချက် 2 ခု
တက်ပွတ်အဖြူကို မည်သည့်ဆေး Ai များဖြင့် နှိမ်နင်းလို့ရပါသလဲ ခင်ဗျာ......
ဖြေကြားချက် 4 ခု
တစ်ခုလောက်မေးခွင့်ပြုပါဆရာရေမြုပ်တဲ့စပါးတွေရေပြန်ကျပေမဲ့စပါးခင်းထဲမှာရေညိတွေအများကြီးရှိနေပါတယ်စပါးပင်ရှင်သန်...
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။