ဖြေကြားချက် ၃ ခု
ထောပတ်သီးများ ကြက်ဥအရွယ်တွင် တစ်လုံးမှမကျန် ကြွေကျရခြင်းမှာ အပင်ရေပြတ်လပ်ခြင်း (သို့) ရေဝပ်ခြင်းကြောင့် ဖြစ်ရသည့် ရေသွင်းရေထုတ်မမှန်ခြင်း က အဓိကအကြောင်းရင်း ဖြစ်နိုင်ပါတယ်။ထို့ပြင် သီးကင်းခိုင်မာစေရန် လိုအပ်သော ဘိုရွန်နှင့် ကယ်လ်စီယမ်ဓာတ် ချို့တဲ့ခြင်း၊ အမြစ်ပုပ်မှို သို့မဟုတ် သရစ်ပိုးကဲ့သို့ ပိုးမွှားရောဂါများ ကျရောက်ခြင်းနှင့် အပင်သက်တမ်းနု၍ သဘာဝအလျောက် အသီးဒဏ်မခံနိုင်ခြင်း ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဤပြဿနာကို ကျော်လွှားရန် အပင်ခြေကို စိုစွတ်ရုံမျှ ပုံမှန်ရေလောင်းပေးခြင်း၊ အပင်ခြေရင်းကို မြေဖုံး (Mulching) ပေးခြင်း၊ ပန်းပွင့်ချိန်နှင့် သီးကင်းစအချိန်တွင် ဘိုရွန်နှင့် ကယ်လ်စီယမ် ရွက်ဖျန်းအားဆေး ကျွေးခြင်းတို့ဖြင့် ပြုပြင်ကုသပေးနိုင်ပါတယ်ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ထောပတ်ကိုင်းကူးတာဘယ်ရာသီအဆင်ပြေလည်းဗျာ7လပိုင်းကိုင်းဆက်ရင်အဆင်ပြေလားလားဗျာ
ဖြေကြားချက် 1 ခု
ထောပတ်မျိုးသစ်ရရှိရန် မျိုးစပ်နည်းကို ပြောပြပေးပါခင်များ
ဖြေကြားချက် 2 ခု
ထောပတ်ပင်ဘယ်လိုဖြတ်ဆက်ရမှာလဲ
ဖြေကြားချက် 1 ခု
ထောပတ်ပင်အတွက်နှမ်းဖတ်နဲ့မြေဩဇာ15.ပတ်လည်နဲ့ရောကျွေးလို့အဆင်ပြေလားခင်ဗျအဆင်ပြေရင်ရောစပ်ရမယ့်အချိုးကျွေးရမယ့်...
ဖြေကြားချက် 3 ခု
ထောပတ်ပင်မှာ အရွက် သံချေးပြောက်လေးတွေ ဖြစ်နေလို့ ဘာဆေးဖြန်းရမလဲရှင့်
ဖြေကြားချက် 3 ခု