အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
21
လွန်ခဲ့သော ၂ လ က · ကျိုက္မရော

တောင်ပို့မှို စိုက်ပျိုးနည်းလေး သိချင်ပါတယ်ခင်ဗျာ

စိုက်ပျိုးစီးပွား နို့စိမ်းမှို(Milky Mushroom)

ဖြေကြားချက် ၁ ခု

349,542 လွန်ခဲ့သော ၂ လ က

တောင်ပို့မှိုဖောက်နည်း အကြောင်း သိကောင်းစရာ ဒီနည်းဟာ အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ် ဘာမှမရှိတာမို့ မြန်မာပြည်သူပြည်သား အားလုံး တပိုင်တစ်နိုင်လုပ်ကိုင်နိုင်သလို မြေဧကအနည်းရှိသူတွေအတွက်လည်းစီးပွာဖြစ်ထုပ်လုပ်ရောင်ချနိုင်ပါတယ်။ သဘာဝနည်းဖြစ်တာကြောင့်ဓာတုဗေဒဆေးဝါးကင်းတာကြောင့် စားသုံးသူများအန္တရယ်မရှိယုံသာမက အနံ့အရသာဟာလည်းသဘာဝမှိုကဲ့သို့ စိမ့်ချိုနေစေမှာပါ။ နည်းမှာ ပါဝင်ပစ္စည်း ၃ မျိုးသာရှိပြီးမိမိပတ်ဝန်းကျင်မှာအလွယ်တစ်ကူရှာဖွေရလွယ်ပါတယ်။ ၁။ ခြတောင်ပို့ အတွင်းပိုင်းမှမြေသား ၂၀ သားခန့် ၂။ ထမင်းဖြူ ၆၅ ကျပ်သား(တစ်ကီလို) ၃။ ရေ၂လီတာ(ရေသန့်ဗူး၂ဘူး)တို့ဘဲဖြစ်ပါတယ် ပထမဦးစွာ တောင်ပို့မြေ နဲ့ ထမင်းဖြူ တို့ကိုဇလုံတစ်ခုထဲမှာရောထည့်ပြီး သမအောင်မွှေပေးရပါမယ်။ထို့နောက် ရေ ကိုဖျန်းလိုက် မွှေလိုက်ဖြင့် ရေသန်ဘူး ၂ဘူးစာကုန်တဲ့အထိ မွှေပေးရပါမယ်။ပြီးနောက် ထိုဇလုံကိုနေရောင်ခြည်တိုက်ရိုက်မကျတဲနေရာ မပူလွန်းမအေးလွန်း တဲ့နေရာမှာ ၇ ရက်ခန့်ထားရပါမယ်။ ထိုအတောအတွင်းဇလုံကိုရွှေ့ပြောင်းခြင်းမပြုဘဲငြိမ်သက်စွာထားရမှာပါ။၇ ရက်ကျော်တဲအခါ ဇလုံ ရဲ့မျက်နှာပြင်ပေါ်မှာအမြှုပ်အဖတ် ဖြူဖြူမဲမဲများတက်လာတာကိုတွေ့ရပါမယ် အဲဒါဟာ မှို ဖောက်ဖို့ ကျူလ္လင်စီ တွေဘဲဖြစ်ပါတယ် (တနည်းအားဖြင့် မှို မျိုးစေ့တွေဘဲဖြစ်ပါတယ်) ထိုမှို မျိုးများအားခပ်ယူ၍ အစိုဓာတ်ရှိသော မြေဆွေးပုံ ကောက်ရိုးဆွေး ပုံ သစ်ပင်အောက်ရှိမြေဆွေးတွေအပေါ်နှံစပ်အောင်ချထားပေးပြီးထားရပါမယ်။မှိုမျိုးစေ့များချထားသောနေရာအား ၇/၈ ရက်တစ်ကြိမ်ရေစိုရုံသာဖျန်းပေးရုံဖြင့် အနံ့အရသာနှင့်ပြည်စုံတဲ့တောင်ပို့ မှို တနည်း ကောက်ရိုးမှိုတို့ကို လွယ်ကူစွာ စားသုံးနိုင်ပြီးပိုလျှံပါကရောင်းချ၍ဝင်ငွေတိုးစေမှာပါ။ ပန်းအိုးများအတွင်းမြေဆွေး ထည့်၍စိုက်ပျိုးနိုင်ပါတယ်။(အကယ်၍ ကျူလင်စီများ ပိုလျှံနေပါက ဌင်းကျူလင်စီ ရေသန့်ဘူး တဘူးစာကို ရေသန့်ဗူး ၁၀ ဗူးနဲ့ရောပြီး အပင်များပေါ်ဖျန်းပေးခြင်းဖြင့်၄င်း မှိုမျိူးစေချထားသောနေရာများအားပက်ဖျန်းခြင်းဖြင့် အပင်များရှင်သန်ကြီးထွားစေသောမြေဩဇာကဲသို့အသုံးပြုနိုင်ပါသည်။ Google search မှ ဆောင်းပါး ရေးသားသူတစ်ဦးထံမှ ကူးယူဖြေကြားပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။