အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
9,469
လွန်ခဲ့သော ၂ လ က · ကျောင်းကုန်း

အမေအဖြေအစီအစဉ်မှဆရာများအားလုံးမဂ်လာခင်ဗျာကျွန်တော်တခုလောက်မေးချင်ပါတယ်ရာသီစပါးပင်ရှည်မျိုးများမှာNPKအဟာရသုံး...

အမေအဖြေအစီအစဉ်မှဆရာများအားလုံးမဂ်လာခင်ဗျာကျွန်တော်တခုလောက်မေးချင်ပါတယ်ရာသီစပါးပင်ရှည်မျိုးများမှာNPKအဟာရသုံးမျိုးမှာဦးစားပေးကျွေးသင့်တဲ့မြေဆီအဟာရကိုအကြံ‌‌ေပးပါ‌အုံးခင်ဗျာနာက်ပြီးအရွက်ဝါတာတွေခြောက်တာတွေလည်းရှိနေပါတယ်ရောဂါကြောင့်လားအဟာရကြောင့်လားမကွဲလို့ပါဆရာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၅၆ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာပြီး မိုးရွာ
အပင်အာဟာရ စပါး

ဖြေကြားချက် ၇ ခု

9,469 လွန်ခဲ့သော ၂ လ က

ကျေးဇူးပါဆရာ

9,469 လွန်ခဲ့သော ၂ လ က

အထူးကျေဇူးပါဆရာ

348,301 လွန်ခဲ့သော ၂ လ က

စပါးမှိုရောဂါသတ်ဆေး အေအိုင်များစပါးဂုတ်ကျိုးရောဂါ၊ ရွက်ဖုံးခြောက်ရောဂါ၊ ရွက်ညိုပြောက်ရောဂါနှင့် စပါးမှိုသီးရောဂါများအတွက် အသုံးပြုသော ပင်လုံးပြန့်နှင့် ထိသေမှိုသတ်ဆေး AI များ ဖြစ်ပါသည်။ Tricyclazole: စပါးဂုတ်ကျိုးရောဂါအတွက် အထိရောက်ဆုံး ပင်လုံးပြန့်ဆေး။ Propiconazole: ရွက်ဖုံးခြောက်၊ ရွက်ညိုပြောက်နှင့် စပါးမှိုသီးရောဂါကို ကာကွယ်ပေးသည်။Hexaconazole: စပါးရွက်ဖုံးခြောက်နှင့် ဂုတ်ကျိုးရောဂါတွဲဖက်နှိမ်နင်းရာတွင် အသုံးများသည်။Azoxystrobin: မှိုရောဂါအမျိုးမျိုးကို ကျယ်ပြန့်စွာ ကာကွယ်နိုင်သော ပင်လုံးပြန့်ဆေး။ Validamycin: ရွက်ဖုံးခြောက်ရောဂါအတွက် အဓိကသုံးသော ပဋိဇီဝမှိုသတ်ဆေးအုပ်စု။ Mancozeb: အရွက်ပေါ်ရှိ မှိုရောဂါများအတွက် ကြိုတင်ကာကွယ်ဆေး။ Chlorothalonil: သီးနှံပင်မျက်နှာပြင်တွင် ကာကွယ်ပေးသော ထိသေမှိုသတ်ဆေး။ စပါးဘက်တီးရီးယားရောဂါသတ်ဆေး အေအိုင်များစပါးဘက်တီးရီးယား ရွက်ခြောက်ရောဂါ (Bacterial Leaf Blight) နှင့် ရွက်စင်းရောဂါများအတွက် အသုံးပြုခွင့်ပြုထားသော AI များ ဖြစ်ပါသည်။ Kasugamycin: ဘက်တီးရီးယား ရွက်ခြောက်နှင့် ရွက်စင်းရောဂါအတွက် အလွန်အသုံးများသော ပင်လုံးပြန့် ပဋိဇီဝဆေး။Oxolinic acid: ဘက်တီးရီးယားပိုးများ ပွားများခြင်းကို တားဆီးပေးသည့် စနစ်တကျ ကာကွယ်ကုသဆေး။Copper Hydroxide: ဘက်တီးရီးယားဆဲလ်များကို ဖျက်ဆီးပြီး ရောဂါကူးစက်ပြန့်ပွားမှုကို ဖြတ်တောက်ပေးသော ကြိုတင်ကာကွယ်ဆေး။Copper Oxychloride: မှိုရောဂါသာမက ဘက်တီးရီးယားရောဂါများကိုပါ ပူးတွဲနှိမ်နင်းနိုင်သော ထိသေဆေး။ စနစ်တကျ ကာကွယ်ကုသပေးနိုင်သော Bismerthiazole အစွမ်းရှိပစ္စည်းဖြစ်ပါတယ်။

9,469 လွန်ခဲ့သော ၂ လ က

မှိူသတ်ဆေးနဲ့ဘက်တီးရီးယားသတ်အမည်အေအိုင်များကိုပြောပြပေးပါဆရာ

348,301 လွန်ခဲ့သော ၂ လ က

ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ။

9,469 လွန်ခဲ့သော ၂ လ က

အခုလိုစိတ်ရှည်ရှည်နဲ့‌ဖြေကြာပေးတာကျေးဇူးပါဆရာ

348,301 လွန်ခဲ့သော ၂ လ က

စပါးသက်တမ်း ၅၆ ရက် (မှို့ကပ်ချိန်) တွင် အရွက်များ ဝါပြီး အဖျားခြောက်ရခြင်းမှာ ရောဂါ သို့မဟုတ် အာဟာရချို့တဲ့မှုကြောင့် ဖြစ်နိုင်ပါတယ်။ အရွက်ဟောင်းများ၏ ထိပ်ဖျားမှစ၍ ဝါခြောက်လာပါက နိုက်ထရိုဂျင် (N) သို့မဟုတ် ပိုတက်စီယမ် (K) ချို့တဲ့ခြင်းကြောင့် ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်။ အပင်အာဟာရ လိုအပ်ချက် အမြင့်ဆုံးဖြစ်သည့် ယခုအချိန်တွင် အထွက်နှုန်း ကောင်းမွန်စေရန်အတွက် ပုလဲမြေဩဇာ (Urea) နှင့် ပိုတက်ရှ်မြေဩဇာ (MOP) တို့ကို တွဲဖက်၍ ဦးစားပေး ပက်ကျွေးရပါမယ်။ ဖော့စဖရပ် (P) ကိုမူမြေခံမှာထည့်ကျွေးခဲ့ပါက ထပ်မံထည့်ရန် မလိုအပ်ပါဘူး။ သို့သော် အရွက်ပေါ်တွင် အဝါရောင်အစင်းများ သို့မဟုတ် အညိုစက်များတွေ့ပါက ရွက်ခြောက်ရောဂါ ဖြစ်နိုင်သဖြင့် မြေဩဇာမကျွေးမီ မှိုသတ်ဆေး/ဘက်တီးရီးယားသတ်ဆေး အရင်ဖျန်းပေးရန် လိုအပ်ပါတယ်။ ရောဂါကြောင့်လား၊အဟာရကြောင့်လားခွဲခြားပေးနိုင်ဖို့ကတော့ ပုံရှင်းလင်းစွာမြင်ရမှ ခန့်မှန်းပေးနိုင်ပါမယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

တစ်ခုလောက်မေးခွင့်ပြုကြပါရာတို့ခင်ဗျာကျွန်တော်စပါးခင်မှာအပင်ခြေမှာအကိုက်ဖြတ်ခံထာရပါတယ်အူတိုင်အပင်မှာဝါပြီး...

ဖြေကြားချက် 5 ခု

Gw11လာမဲ့နှစ်စိုက်မလို့အဝယ်တော်ရှိလားခဗျ

ဖြေကြားချက် 2 ခု

စပါး အစို့ဖောက်ကြဲခင်း တစ်လသားအရွယ်မှာ လယ်တစ်ကွက်နဲ့တစ်ကွက် အပင်တက်ပုံခြင်းမတူလို့ပါ။တစ်ချို့လယ်တွေက အပင်လှီ...

ဖြေကြားချက် 1 ခု

တစ်ခုလောက်သိချင်လို့ပါဆရာကျွန်တော့ညီတစ်ယောက်GW11စပါးငါးဧကကျဲထားပါတယ်သူလုပ်တဲ့ပုံစံကမှားလာမှန်လားဆိုတာသိချင်...

ဖြေကြားချက် 3 ခု

တစ်ခုလောက်မေးခွင့်ပြုပါဆရာယူရီးယားတီစူပါပိုတက်စတဲ့‌ေမြဆီ‌ေတွကိုတစ်အိတ်ချင်းစီဝယ်ပြီးရောစပ်တာနဲ့15ပတ်လည်ရောစပ်...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။