အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
9,469
လွန်ခဲ့သော ၂ လ က · ကျောင်းကုန်း

ကျွန်တော်လယ်ကအနိပ်ကွင်းဖြစ်လို့နှစ်တိုင်းရာသီစပါးပင်ရှည်စပါးများကိုသာစိုက်ပျိုးရပါတယ်ထွက်နှုန်းမကောင်းလို့အ...

ကျွန်တော်လယ်ကအနိပ်ကွင်းဖြစ်လို့နှစ်တိုင်းရာသီစပါးပင်ရှည်စပါးများကိုသာစိုက်ပျိုးရပါတယ်ထွက်နှုန်းမကောင်းလို့အထွက်နှူန်းကောင်အောင်ဘယ်လိုလုပ်သင့်လဲဆိုတာအကြံပေးပါအုံးဆရာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
ရာသီဥတု (တစ်ပတ်အတွင်း)
မိုးရွာ
စိုက်ပျိုး ဗဟုသုတ စပါး

ဖြေကြားချက် ၈ ခု

9,469 လွန်ခဲ့သော ၂ လ က

စိုက်ခင်းကျတော့ရေတင်ပြီးတမန်းလုပ်ကြိုပီးကောက်စိုက်မှသာရေမြုပ်ဒဏ်ကိူခံနိုင်လို့ပါဆရာ

9,469 လွန်ခဲ့သော ၂ လ က

ကျွန်တော်တို့ဒေသမှာဖုံကျဲခင်းစနစ်ကျဲပဲ့တာများတယ်ဆရာ

9,469 လွန်ခဲ့သော ၂ လ က

ကျေဇူပါဆရာ

348,301 လွန်ခဲ့သော ၂ လ က

စပါးမြေဩဇာကျွေးနည်းအနှစ်ချုပ်က မြေခံမှာ Pထည့်၊ မှို့ကပ်ချိန်မှာ Kထည့်၊ ပုလဲကိုအပင်ကလိုမှကျွေး ဒီ‌နည်းအကောင်းဆုံးပါဗျ

348,301 လွန်ခဲ့သော ၂ လ က

ကရင်မထိပ်ဆောင်းသည် မြန်မာနိုင်ငံတွင် ရေဝင်ရောက်တတ်သော မြေနိမ့်ပိုင်းနှင့် ရေနက်ကွင်းများအတွက် အထူးသင့်တော်သော ရာသီစပါးမျိုးဖြစ်ပါသည်။ သက်လတ်/သက်ကြီးမျိုးဖြစ်ပြီး ပင်စည်တောင့်တင်းကာ ရေကြီးနစ်မြုပ်မှုကို အသင့်အတင့် ခံနိုင်ရည်ရှိသောမျိုးဖြစ်လို့ သင့်တော်ပါတယ်။ မြေအနိမ့်ကွင်းများတွင် ကရင်မထိပ်ဆောင်းရာသီစပါး အထွက်နှုန်းတိုးတက်စေရန်အတွက် မိုးမကျမီ နွေထယ်ရေးခံခြင်းနှင့် သဘာဝမြေဩဇာ/ပိုက်ဆံလျှော် ထည့်သွင်းပေးခြင်းဖြင့် မြေဆီလွှာအဆိပ်အတောက်များကို ပြေပျောက်စေကာ လေဝင်လေထွက်ကောင်းမွန်အောင် ပြုပြင်ရပါမယ်။ ပျိုးသက်ကို (၂၅-၃၀) ရက်ထက် မကျော်လွန်စေဘဲ (၈x၆) သို့မဟုတ် (၉x၆) လက်မ အကွာအဝေးဖြင့် ၁ လက်မခွဲခန့် တိမ်တိမ်စိုက်ပျိုးရန်လိုအပ်ပြီး၊ ပင်ပွားထွက်ချိန် (စိုက်ပြီး ၃၅-၄၅ ရက်) တွင် လယ်ကွက်အတွင်း ရေကို ခေတ္တပြောင်အောင် ထုတ်ပေးရပါမယ်။ ထို့အပြင် ယူရီးယား၊ တီစူပါနှင့် ပိုတက်ရှ်ဓာတ်မြေသြဇာများကို မြေခံ၊ ပင်ပွားချိန်၊ အဆစ်မတက်မီနှင့် စပါးဖုံးလုံးချိန်ဟူ၍ အချိန်ကိုက် (၄) ကြိမ် ခွဲ ကျွေးပေးခြင်းဖြင့် အနှံကြီးပြီး အစေ့အောင်မြင်ကာ ယိုင်လဲမှုကို ကာကွယ်နိုင်မည်ဖြစ်ပါတယ်။ဆီလီကာ (Silica) သည် မြေနိမ့်/ရေဝပ်ကွင်းများတွင် ကရင်မထိပ်ဆောင်းကဲ့သို့ ပင်ရှည်စပါးများ စိုက်ပျိုးရာ၌ အပင်ယိုင်လဲမှုကို ထိရောက်စွာ ကာကွယ်ပေးပြီး ပင်စည်နှင့် အရွက်များကို သန်မာမာကြောစေသည့် အဓိက အာဟာရဓာတ် ဖြစ်ပါသည်။ ဆီလီကာ ထည့်သွင်းပေးခြင်းဖြင့်လည်း စပါးရွက်များကို ထောင်မတ်စေကာ အလင်းရောင် စုပ်ယူမှုကို အားကောင်းစေသည့်အပြင် စပါးဂုတ်ကျိုးရောဂါ နှင့် ဖြုတ်ညို/ဆစ်ပိုး ကျရောက်မှုကို သဘာဝအတိုင်း ခံနိုင်ရည် တိုးတက်စေပါတယ်။ မြေခံအဖြစ် Calcium Silicate (သို့မဟုတ်) စပါးခွံပြာ ထည့်ပေးနိုင်သကဲ့သို့ စပါးပင်ပွားချိန်နှင့် စပါးဖုံးလုံးချိန်တို့တွင် (Potassium Silicate) ပါသော အရွက်ဖျန်း မြေဩဇာ ပက်ဖျန်းပေးခြင်းဖြင့် အနှံကြီး၍ အဖျင်း နည်းပါးစေမည် ဖြစ်ပါတယ်။

9,469 လွန်ခဲ့သော ၂ လ က

တခြားရာသီပါးများရှိရင်ပြောပြပေးပါအုံးရေမြုပ်တဲ့ဒဏ်ခံနိုင်တဲ့စပါးမျိုးဆိုရင်ပိုေကာင်းတယ်ဆရာ

9,469 လွန်ခဲ့သော ၂ လ က

ကရင်မထိပ်ဆောင်းစပါးပါဆရာ

348,301 လွန်ခဲ့သော ၂ လ က

ရာသီစပါးမျိုးအမည်ပြောပြပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

တစ်ခုလောက်မေးခွင့်ပြုပါဆရာတို့ခင်ဗျာမိုးရာသီမှာပိုးသတ်ဆေးသိူ့မဟုတ်မှိူသတ်ဆေးဖျန်းရင်ဘယ်နှစ်နာရီလောက်မှမိုးရွာ...

ဖြေကြားချက် 2 ခု

တစ်ခုလောက်မေးခွင့်ပြုပါဆရာယူရီးယားတီစူပါပိုတက်စတဲ့‌ေမြဆီ‌ေတွကိုတစ်အိတ်ချင်းစီဝယ်ပြီးရောစပ်တာနဲ့15ပတ်လည်ရောစပ်...

ဖြေကြားချက် 3 ခု

တစ်ခုလောက်သိချင်လို့ပါဆရာကျွန်တော့ညီတစ်ယောက်GW11စပါးငါးဧကကျဲထားပါတယ်သူလုပ်တဲ့ပုံစံကမှားလာမှန်လားဆိုတာသိချင်...

ဖြေကြားချက် 3 ခု

ရာသီစပါကရင်မထိပ်ဆောင်းစပါဟာဘယ်လဘယ်အချိန်မှာမှိူ့ကပ်ဘာသလဲဆရာတို့

ဖြေကြားချက် 0 ခု

ဆင်းသုခစပါးမှိူ့ကပ်ချိန်လေးသိချင်ပါတယ်ဆရာတို့ဖြေပေးပါအုံး

ဖြေကြားချက် 0 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။