အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
56
လွန်ခဲ့သော ၂ လ က · ပဲခူး

ကန်စွန်းရွက် မှာ ဘာရောဂါဖြစ်တာလဲ ပိုးကျတာလား ဘာဆေးတွေသုံးရမလဲ အကြံပြုကြပါဦး

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး ပင်စည် အရွက်
စိုက်ပျိုးနည်း ကန်စွန်းရွက်
Post image
Post image
1

ဖြေကြားချက် ၁ ခု

348,307 လွန်ခဲ့သော ၂ လ က

ပုံပါ ကန်စွန်းပင်တွင် ဖြစ်ပွားနေသော လက္ခဏာမှာ အပေါ်ပိုင်း အညွန့်သစ်များ ကောက်လိမ်ခြင်းနှင့် ရွက်နားများ အဝါရောင်ပြောင်းခြင်း (Chlorosis) ဖြစ်ပြီး၊ အောက်ခြေအရွက်ရင့်များမှာ ပုံမှန်အတိုင်း စိမ်းလန်းနေပါတယ်။ ဒါဟာ ယင်ဖြူမှတစ်ဆင့် ကူးစက်တတ်တဲ့ ကန်စွန်းရွက်လိပ် ဗိုင်းရပ်စ်ရောဂါ သို့မဟုတ် အညွန့်နုများတွင် ‌ လှေးပိုး၊ မွှားပိုး၊ပျပိုးကဲ့သို့ စုပ်စားပိုးများ ကျရောက်ခြင်း ကြောင့် ဖြစ်နိုင်ခြေ အများဆုံး ဖြစ်ပါတယ်။ အပူချိန် ရုတ်တရက် လွန်ကဲခြင်း၊ နေရောင်ပြင်းခြင်း သို့မဟုတ် လေပြင်းတိုက်ခတ်မှုကြောင့် အပင်က ရေငွေ့ပြန်ခြင်းကို ထိန်းချုပ်ဖို့ အရွက်တွေကို အလိုအလျောက် လိပ်ပစ်တတ်ပါတယ်။ပိုးမွှားကြောင့် ဟုတ်၊ မဟုတ် သေချာစေရန် လိပ်နေသော အရွက်များ၏ အောက်မျက်နှာပြင်တွင် ပိုးမွှားလေးများ သို့မဟုတ် ပင့်ကူမျှင်ကဲ့သို့ အမျှင်တန်းလေးများ ရှိ၊ မရှိ စစ်ဆေးကြည့်ပါ။မေးခွန်းရှင်အနေနဲ့ ဦးစွာပထမ လိပ်နေတဲ့ အရွက်နောက်ကျောတွေကို လှန်ကြည့်ပါ။ ပိုးမွှားတစ်စုံတစ်ရာ မတွေ့ရဘဲ ဘေးအပင်တွေပါ လိုက်ဖြစ်နေရင် ဗိုင်းရပ်စ်ရောဂါ ဖြစ်နိုင်ခြေ များတဲ့အတွက် သယ်ဆောင်တဲ့ ယင်ဖြူ ကို နှိမ်နင်းမယ့်ဆေး (ဥပမာ - Acetamiprid သို့မဟုတ် Imidacloprid) ကို အသုံးပြုပြီး၊ ရောဂါရနေတဲ့ အညွန့်တွေကို နှမြောခြင်းမရှိဘဲ ဖြတ်တောက် ဖယ်ရှားပစ်ဖို့ အကြံပြုအပ်ပါတယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဒဂုံဆိပ်ကမ်းလယ်မြေမှာ တရုတ်ကန်စွန်းကို အစေ့ချ မြေမြုတ်စနစ်နှင့် စိုက်မလို့ပါ။ မျိုးစေ့ရနိုင်မယ့်နေရာနှင့်...

ဖြေကြားချက် 3 ခု

ကန်ဇွန်းစေ့စိုက်ထားတာ အပင်လေးပေါက်လာပါပြီ အပင်လေး သန်စွမ်းအောင်လို့ ဘယ်လိုလုပ်ဆောင်ပေးရမလဲဗျ။

ဖြေကြားချက် 3 ခု

ကျွန်တော်က ရန်ကုန်မှာ ကုန်းကန်စွန်း စိုက်ချင်လို့ ဘယ်လိုဝယ်တာလဲ ဈေးနှုန်းလေး သိချင်ပါတယ်။

ဖြေကြားချက် 1 ခု

ဆရာမဂ်လာပါ🙏🙏🙏 ကျနော်ကန်စွန်းပင်လေးတွေ အစိမ်းလိုက်ညိုးနေလို့ပါဆရာ အပင်နုတ်ကြည့်တော့လည်း အမြစ်တွေကောင်းတယ်ဆရာ ဘာ...

ဖြေကြားချက် 2 ခု

အိမ်စားဖို့ ကန်စွန်းရိုးတံလေးတွေ ရေစိမ် အမြစ်ဖောက်ပြီးမှ မြေဆီလွှာဖြည့်ထားတဲ့အိုးထဲစိုက်တာ။ ၈ ရက်ကြာတော့ ပုံထဲ...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။