အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
541
လွန်ခဲ့သော ၂ လ က · စဉ့်ကူး

ပြောင်းဖူးပင်က အဖူးကအရွက်တွေတအားထွက်နေလြိ့ဘလိုလုပ်ရမလဲရှင်သုံးဖူးလေးဖူးလောက်ကိုထွက်နေတာ မျိုးက702ပါ

အပင်အာဟာရ ပြောင်း
Post image
Post image

ဖြေကြားချက် ၂ ခု

348,301 လွန်ခဲ့သော ၂ လ က

ပြောင်းဖူးအဖူးထိပ်မှ အရွက် ၃-၄ ရွက်ခန့် ထွက်လာခြင်းကို စိုက်ပျိုးရေးပညာရပ်အရ Husk Leaves ဟု ခေါ်ဆိုပြီး ၎င်းသည် မျိုးဗီဇအရ သော်လည်းကောင်း၊ နိုက်ထရိုဂျင်ဓာတ်နှင့် အစိုဓာတ် လွန်ကဲစွာ ရရှိမှုကြောင့် သော်လည်းကောင်း၊ အဖူးစတင်ဖြစ်ပေါ်ချိန်တွင် ရာသီဥတု ဖိစီးမှုကြောင့် သော်လည်းကောင်း ဖြစ်ပွားတတ်သော ပုံသဏ္ဌာန်ပြောင်းလဲမှု တစ်ခု ဖြစ်ပါတယ်။ ဤထွက်လာသော အရွက်များသည် အပင်အတွက် အစာချက်လုပ်မှုကို ပိုမိုကူညီပေးနိုင်သဖြင့် အထွက်နှုန်းကို သိသိသာသာ ထိခိုက်မှု မရှိစေနိုင်ပါဘူး။ ထို့ကြောင့် စိုက်ခင်းရှိ အဆိုပါအရွက်များကို အတင်းအဓမ္မ ဖယ်ရှားပစ်ရန် မလိုအပ်ဘဲ၊ ဖယ်ပစ်ပါက မှိုရောဂါပိုး ဝင်ရောက်နိုင်ခြေ ပိုများလာနိုင်သဖြင့် ပုံမှန်အတိုင်းသာ ထားရှိပြီး အဖူးပုပ်ခြင်း ရှိ၊ မရှိကိုသာ အနီးကပ် စောင့်ကြည့်ပေးသင့်ပါတယ်ခင်ဗျာ။

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၂ လ က

ပုံမှန်အနေအထားတော့မဟုတ်ပါ။အပင်အပေါ်ပိုင်း ပိုးမကျဘူးဆိုရင်၊ မျိုးထွန်းတာလဲဖြစ်နိုင်ပါတယ်။ အတက်ဖဲ့ပေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။