အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
2,164
လွန်ခဲ့သော ၂ လ က · ပွင့်ဖြူ

အောက်ကျုံးစပါးအတွက်ပတ်ရင်ရောအဆင်ပြေလားခဗျနာမည်ရှိပြီးသားကုမဏီထုတ်ပါပဲ19:9:19လို့တော့ရေးထားပါတယ်စျေးကချိုနေလို့...

အောက်ကျုံးစပါးအတွက်ပတ်ရင်ရောအဆင်ပြေလားခဗျနာမည်ရှိပြီးသားကုမဏီထုတ်ပါပဲ19:9:19လို့တော့ရေးထားပါတယ်စျေးကချိုနေလို့ဘယ်လိုကွာဟမှုရှိပါသလဲခဗျာ

အပင်အာဟာရ စပါး
Post image

ဖြေကြားချက် ၂ ခု

348,948 လွန်ခဲ့သော ၂ လ က
ဤအဖြေဖြင့် ပြေလည်

စက်ရုံက ၁၉:၉:၁၉ ဓာတ်မြေဩဇာအလုံး ဖော်မြူလာ ပြုလုပ်ရာတွင် အလုံးအခဲမဖြစ်လိုက်ဘဲ ကျန်ခဲ့သည့် ၁၉:၉:၁၉ အမှုန့်ကုန်ကြမ်းစစ်စစ် ဖြစ်ပါက စပါးခင်းတွင် မြေပြင်ကြဲပက်အသုံးပြု၍ ရနိုင်ပါတယ်ခင်ဗျာ။ သို့သော် အမှုန့်ဖြစ်နေသည့်အတွက် မြေကြီးထဲတွင် ချက်ချင်းအရည်ပျော်ကာ နေပူရှိန်ကြောင့် နိုက်ထရိုဂျင်ဓာတ် အငွေ့ပျံဆုံးရှုံးမှု အလွန်မြန်ဆန်ပြီး မိုးရွာပါက ရေနှင့်မြောပါလွယ်ပါသည်။ လက်ဖြင့်ကြဲပက်သည့်အခါ လေတိုက်၍ လွင့်စင်နိုင်သဖြင့် တစ်ခင်းလုံးအနှံ့ ညီညာရန် ခက်ခဲတတ်ပါသည်။ ထို့ကြောင့် ထိရောက်မှုရှိစေရန်အတွက် မြေစိုစိုတွင်သာ ကြဲပက်ရန်၊ လေမလွင့်စေရန် သဲ သို့မဟုတ် နုန်းမြေခြောက်ဖြင့် ရောစပ်ကြဲပက်ရန်နှင့် တစ်ကြိမ်တည်းအများကြီးမကျွေးဘဲ အကြိမ်ကြိမ်ခွဲကျွေးရန် အကြံပြုအပ်ပါတယ်ခင်ဗျာ။

2,164 လွန်ခဲ့သော ၂ လ က

ကျေးဇူးပါခဗျ

You

ဆက်စပ်မေးခွန်းများ

နွားချေးနှင့်ဂျစ်ပဆန်ရောနှပ်ရင်phosphateဓာတ်ရတယ်ဆိုတာဟုတ်ပါသလားခဗျဘယ်လိုပြုလုပ်သုံးစွဲရလဲသိချင်ပါတယ်ခဗျ

ဖြေကြားချက် 2 ခု

စပါး၁တင်းစျေးဘယ်လောက်ပေါက်နေလည်းဗျ appခုမစသုံးတာမို့ ယနေ့ပေါက်စျေးသိချင်ပါတယ်ပွဲစားများခဗျာ

ဖြေကြားချက် 0 ခု

ဒီ ဂျစ်ဆမ် ဘယ်မှာရနိုင်မလဲဗျ။မတွေ့ရတော့လို့

ဖြေကြားချက် 1 ခု

2027ထဲမှာ ဓာတ်မြေသြဇာနဲ့ပိုးသတ်ဆေးဆိုင်ဖွင့်ခြင်လို့ စိုက်ပျိုးရေး သင်တန်း​တက်ခြင်လို့ပါခင်ဗျ၊ သင်တန်းလေး တက်...

ဖြေကြားချက် 1 ခု

ဘိုကာရှီ ဂျစ်ပ်ဆန် ယူရီးယား တွဲသုံးလို့ အဆင်ပြေမလာဗျ ဘယ်လိုအသုံးပြုလဲဗျ ပြောပြပေးပါဦး ပေါ်ဆန်းခင်းမှာအသုံးပြု...

ဖြေကြားချက် 0 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။