အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
160
လွန်ခဲ့သော ၁ လ က · လွိုင်လင်

ငရုတ်ပင်တွေမှာ ခုလိုမျိုးဖြစ်ပြီး အညွှန့်တက်ခါစလေးတွေပါ ခြောက်လာလို့ဗျ မှိုသတ်ဆေး ၊ပိုးသတ်ဆေး ဘာအမျိုးအစားကို...

ငရုတ်ပင်တွေမှာ ခုလိုမျိုးဖြစ်ပြီး အညွှန့်တက်ခါစလေးတွေပါ ခြောက်လာလို့ဗျ မှိုသတ်ဆေး ၊ပိုးသတ်ဆေး ဘာအမျိုးအစားကို သုံးရမလဲဗျ ။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၄၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက် အညွန့်
ရာသီဥတု (တစ်ပတ်အတွင်း)
မိုးရွာ
ပိုးမွှားရောဂါ ငရုတ်သီး
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

349,563 လွန်ခဲ့သော ၁ လ က
ဤအဖြေဖြင့် ပြေလည်

ပုံပါငရုတ်ရွက်များတွင် ညိုမည်း၍ စိုစွတ်သောအကွက်များနှင့် ရွက်ခြောက်လက္ခဏာများ ဖြစ်ပေါ်နေခြင်းသည် မှိုကြောင့်ဖြစ်သော ငရုတ်မှဲ့ပျောက်စွန်းရောဂါ (Anthracnose) ကျရောက်နေခြင်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ရောဂါသက်သာစေရန် မှိုသတ်ဆေးဖြစ်သည့် အဇိုဆီစထရိုဘင် (Azoxystrobin) ဆေးတစ်မျိုးမျိုးကို စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့သုံးစွဲလေ့ရှိတယ်။ ဤအချိန်တွင် ရောဂါပိုး ပိုမိုပွားများစေတတ်သဖြင့် ရွက်ဖျန်းအားဆေးများ လုံးဝမဖျန်းသင့်ပါဘူး။ ထို့ပြင် ရောဂါရနေသော အရွက်များကို ဖယ်ရှား၍ စိုက်ခင်းနှင့်ဝေးရာတွင် မီးရှို့ဖျက်ဆီးပစ်ရန်နှင့် ရေဝပ်ခြင်းမရှိစေရန် ရေနုတ်မြောင်းများ စနစ်တကျ ပြုလုပ်ထားရန် စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ပြုလုပ်လေ့ရှိပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။