အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
aung
aung 59
လွန်ခဲ့သော ၁ လ က · စစ်ကိုင်း

ငွေပန်းထွက်လာတဲ့အတက်သေးပီးအပင်တွေမျှင်နေလို့ အပင်တုတ်၊အပင်ကြီးအောင်ဘာဓာတ်မြေဩဇာသုံးရမလဲပုံမှန်၁၅ပတ်လည်တော့သုံးပါတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်အာဟာရ ငွေပန်း

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 353,516 လွန်ခဲ့သော ၁ လ က

ငွေပန်းပင်များ သေးမျှင်ပြီး မကြီးထွားရခြင်းမှာ များသောအားဖြင့် နိုက်ထရိုဂျင်ဓာတ် တစ်မျိုးတည်း သုံးစွဲမိခြင်းနှင့် နေရောင်ခြည် ရရှိမှု နည်းပါးခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ အပင်တုတ်ခိုင်ပြီး အမြစ်သန်မာလာစေရန်အတွက် အာဟာရမျှတသော ၁၅-၁၅-၁၅ ကွန်ပေါင်းမြေဩဇာနှင့်အတူ အမြစ်ပွားများစေသည့် ဟျူးမစ်အက်ဆစ် (Humic Acid) ကို အသုံးပြုပေးရပါမယ်။ ထို့ပြင် အပင်ဆဲလ်များ ဖွံ့ဖြိုးရန် ဂျစ်ဗရဲလစ်အက်ဆစ် (GA3) ပါဝင်သော အရွက်ဖျန်းအားဆေးကို ၁၀ ရက်တစ်ကြိမ် ဖျန်းပေးသင့်ပြီး အပင်ကို နေရောင်ခြည် အနည်းဆုံး ၆ နာရီခန့် တိုက်ရိုက်ရရှိသောနေရာတွင် ထားရှိစိုက်ပျိုးရပါမယ်။ ရေလောင်းရာတွင်လည်း ၅ ရက်တစ်ကြိမ် လောင်းပေးရုံသာမက မြေဆီလွှာ ရေမဝပ်ဘဲ ရေစီးရေလာ ကောင်းမွန်အောင် ဂရုစိုက်ပေးရန် အရေးကြီးပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ရွှေပန်းငွေပန်းခင်း အမြစ်ကနေဉထိပုပ်ပီးအပင်တွေနွမ်းလာပါတယ် ဘာရောဂါလဲဗျ ထရိုက်ကိုဒါးမားသုံးရင်ရနိုင်မလားသိချင်ပါ...

ဖြေကြားချက် 3 ခု

ခရုခွံကို ကြက်ဥခွံကနေ ကယ်ဆီယမ်ထုတ်သလိုမျိုး လုပ်လို့ရလားဗျ။

ဖြေကြားချက် 1 ခု

ဇော်ဘုရင်ပန်းအတွက်ဖြေပေးစေခြင်ပါတယ်အောက်လက်တွေပုတ်ကြတဲ့ရောဂါကိုဘာဆေးနဲ့ကုသရမလည်းမသိလို့ပါအကောင်းဆုံးနည်းလမ်း...

ဖြေကြားချက် 1 ခု

ရွှေပန်းပင်က အဖို အမရှိပါသလား အိမ်ကပန်းပင်တွေက သူများပန်းတွေလောက်အပွင့်မပွင့်လို့ပါ

ဖြေကြားချက် 2 ခု

ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။