အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
489
လွန်ခဲ့သော ၁ လ က · ယင်းမာပင်

Dr.Cho Han Kyu(CGNF)ရဲ့ Water-Solube Phosphoric Acid (WS-PA) အကြောင်းမှာ နှမ်းရိုးမီးသွေးနဲ့ ပြုလုပ်ရကြောင်းသိ...

Dr.Cho Han Kyu(CGNF)ရဲ့ Water-Solube Phosphoric Acid (WS-PA) အကြောင်းမှာ နှမ်းရိုးမီးသွေးနဲ့ ပြုလုပ်ရကြောင်းသိရပါတယ် စပါးခွံမီးသွေးနဲ့ နှမ်းရိုးမီးသွေးကဘယ်လိုကွားခြားမှု ရှိသလဲ ပြီးတော့ အရိုးမှုန့်မြေဩဇာနဲ့ နှမ်းရိုးမီးသွေးက ဘယ်လိုကွားခြားမှုရှိပါသလဲ ဆရာတို့ ကျေးဇူးပြု၍ ဖြေကြားပေးကြပါဦးခင်ဗျ

အပင်အာဟာရ ကြက်သွန်နီ

ဖြေကြားချက် ၆ ခု

322 လွန်ခဲ့သော ၁ လ က
ဤအဖြေဖြင့် ပြေလည်

နှမ်းရိုးကိုမီးသွေးလုပ်တာတော့ထုံးစံမရှိပါဘူး၊ ဆွေးမြေ့လွဘ်တော့ ဆွေးအောင်လုပ်ပြီး သဘာဝမြေဩဇာလုပ်တာ အကောင်းဆုံးဖြစ်မှာပါ

165 လွန်ခဲ့သော ၁ လ က

ကျွတော်ကတော့နှမ်းရိုးနွားချေးကြက်ချေးဖွဲနုEMအမိုင်နို၂ပေ ခွဲထက်မမြင်သောအလွှာလိုက်အကြည်အိပ်ခံ ကာ အုပ်ပြီးလုပ်ပါတယ်

489 လွန်ခဲ့သော ၁ လ က

ကျွန်တော်တို့ဆီမှာက နှမ်းရိုးအလွန်ပေါပါတယ် အလွယ်တကူရပါတယ် ဘိုကာရှီမြေဆွေးပြုလာရမှာ နှမ်းရိုးမီးသွေးနဲ့ ပြုလုပ်ချင်ပါတယ် အထူးသဖြင့် အရိုးမှုန့်နေရာမှာ အစားထိုးလုပ်ချင်ပါတယ် ဘယ်လိုလုပ်ရပါသလဲဆရာတို့ ပြီးတော့ စပါးခွံမီးသွေးနဲ့မြေဆွေးလုပ်တာနဲ့ နှမ်းရိုးမီးသွေးနဲ့ မြေဆွေးလုပ်တာ ကွာခြားမှုသိပါရစေ နှမ်းရိုးမီးသွေးနဲ့ မြေဆွေးလုပ်တာ မတွေ့ဘူး မကြားဘူးသေးလို့ပါ

အတည်ပြုပြီး 218,453 လွန်ခဲ့သော ၁ လ က

နှမ်းရိုးမီးသွေးကပင်ပိုင်းကရတဲ့မီးသွေးဖြစ်လို့ပိုတက်စီယံပိုများနိူင်ပြီစပါးခွံမီးသွေးကအသီးကရတဲ့မီး​​​ေဖေစြ်လို့ဖော့စဖိတ်ပိုများနိုင်တယ်အရိုးမှုံ့မြေသြဇာကထုံးနဲ့နိုက်ထရိုဂျင်က်ုမြေထဲမှာအကြာကြီးပေးနိုင်ပြီးနှမ်းရိုးမီးသွေးကပိုတက်စီယံကိုအကြာကြီးပေးနိုင်တယ်ကျန်တဲ့အာဟာရမျးကိုလည်းဆုံးရှုံမသွားအောင်ထိမ်းထားပေးနိုင်တာ်

အတည်ပြုပြီး 1,116,062 လွန်ခဲ့သော ၁ လ က

စပါးခွံမီးသွေးနဲ့ နှမ်းရိုးမီးသွေး ယှဉ်ရင်၊နှမ်းရိုးက P,K,Ca,Mgစတဲ့ P , source ပါတဲ့အပြင်၊အာဟာရပိုပါလို့ သုံးတာဖြစ်ပါလိမ့်မယ်။ အရိုးမှုန့်မြေဩဇာနဲ့ နှမ်းရိုးမီးသွေး နဲ့ကတော့၊အရိုးမှုန့်က P ပါဝင်မှု ပိုများပါတယ်။သို့သော် ကယ်လ်စီယံဖော့စဖိတ်ဖြစ်လို့ ၊ရေမှာအလွယ်မပျော်နိုင်ပါဘူး။

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၁ လ က

အပင်ရဲ့ အစိတ်အပိုင်းတွေ လုပ်ဆောင်ချက်တွေ မတူတော့ ပါဝင်ပစ္စည်းလည်း မတူပါဘူး။ စပါးခွံမှာ အပင်ကို တောင့်တင်းခိုင်မာစေတဲ့ စီလီကာ အဓိက ပါဝင်ပါတယ်။ နှမ်းရိုးမှာက ဆဲလ်ကွဲပွားမှုနှင့် မျိုးပွားမှုကို အားပေးသော ဖော့စဖရပ် (Phosphorus) ဓာတ် အမြောက်အမြား ပါဝင်တယ်။ ဒါကြောင့် တစ်ခုနဲ့တစ်ခု အသုံးချတဲ့နေရာခြင်း ကွာသွားတာပါ။

You

ဆက်စပ်မေးခွန်းများ

မျိုးဈေး 5000နဲ့ မိုးကြက်သွန်စိုက်ပျိုးလို့ အဆင်ပြေပါ့မလားဗျ မိုးကြက်သွန်ဈေးကိုလည်း ယခုအတိုင်းလာဖို့ မျှော်...

ဖြေကြားချက် 1 ခု

သဘာဝပိုးသတ်ဆေးလုပ်နည်းတွေကို လေ့လာမှတ်သားရပါတယ် အဲဒီလို ဖော်စပ်ရာမှာ တမာ ကြက်သွန်ဖြူ ငရုတ်သီး တို့ကို သကြား...

ဖြေကြားချက် 2 ခု

အရိုးမှုန့်မြေဩဇာလုပ်နည်းကို ပြည့်ပြည့်စုံစုံ သိပါရစေဆရာတို့ခင်ဗျား

ဖြေကြားချက် 2 ခု

အစိမ်းလမ်း App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားမှု၊ ဝန်ထမ်း၏ ဝန်ဆောင်မှုအဆင်မပြေမှုတို့အား တာဝန်...

ဖြေကြားချက် 3 ခု

ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။